ရှေးဟောင်းတန်ဆောင်း (ဒေါ်မြတန်ဆောင်း)

Details

ဘုရားအမည်

ရှေးဟောင်းတန်ဆောင်း (ဒေါ်မြတန်ဆောင်း)

တည်နေရာ

ရင်ပြင်တော်တောင်ဘက် ဗုဒ္ဓဟူးထောင့်အနီး

Category

Places | Tasoung
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက် ဗုဒ္ဓဟူးထောင့်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ မြန်မာ သက္ကရာဇ်၁၃၂၆(၁၉၆၄)ခုနှစ်တွင် ရန်ကုန်မြို့လွှတ်တော်ရှေ့နေကြီး Mr.B.A Masani၏ ဇနီးဒေါ်မြ ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် မန္တလေးမှ လှူဒါန်းသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ကိန်းဝပ်စံပယ်သောကြောင့် ရှေးဟောင်းတန်ဆောင်းဟု အမည်တွင်သည်။ ၁၃၂၀ ပြည့်နှစ်တွင် ဒေါ်စောမြတန်ဆောင်းနှင့် ပြတိုက်ဟောင်းတန်ဆောင်းကို ပူးပေါင်းထားခဲ့ပြီး ၁၉၉၅ ခုနှစ် ဘက်စုံစီမံကိန်းတွင် တန်ဆောင်းနှစ်ခုကြား နံရံကိုဖြုတ်၍ အမိုးတစ်စပ်တည်းဖြစ်အောင် ပြုပြင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် တန်ဆောင်းအတွင်းပိုင်း ပြုပြင်မွမ်းမံခြင်း၊ ၂၀၁၁ ခုနှစ်တွင် တန်ဆောင်းမျက်နှာစာ အပေါ်နံရံများအား အလူမီနီယံ မှန်သေပြူတင်းပေါက်ကာခြင်း၊ ၂၀၁၆ ခုနှစ်တွင် အမိုးပိုင်း အမာခံပြုပြင်ခြင်း၊ ၂၀၁၇ ခုနှစ်တွင် တန်ဆောင်းအဝင်အထွက် စတီးတံခါးပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအါတွင် ၎င်းတန်ဆောင်းအား ၁၂လရာသီ ပွဲတော်များနှင့် ဝါတွင်းကာလ သီလခံယူပွဲများ ကျင်းပရာ တွင် အသုံးပြုလျက်ရှိပါသည်။