สวนสิงคุตตรา

รายละเอียด

ชื่อ

สวนสิงกุตตรา

ที่ตั้ง

ใกล้ศาลานมัสการตะวันตกของทางด่วน

Category

Gardens | Places to visit

၁၉၈၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်စီမံကိန်းလုပ်ငန်းကြီး (၃)ရပ်အနက် တစ်ခုအပါအဝင် ဖြစ်သော သိင်္ဂုတ္တရဥယျာဉ်တော် တည်ဆောက်စိုက်ပျိုးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ သိင်္ဂုတ္တရဥယျာဉ်တော်တွင် သိင်္ဂုတ္တရဥယျာဉ် တောင်ခြမ်းပန်းဥယျာဉ်၊ မြောက်ခြမ်းပန်းဥယျာဉ်၊ ဝင်္ကဘာပန်း ဥယျာဉ်နှင့် ကန်တော်မင်္ဂလာပန်းဥယျာဉ်များ ပါဝင်ပါသည်။ သိင်္ဂုတ္တရဥယျာဉ် တောင်ခြမ်းနှင့် မြောက်ခြမ်းတို့ အား နိုင်ငံတော်မှကြီးမှူး၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဗိသုကာဒီဇိုင်းများ ရေးဆွဲပြီး၊ ဌာနပေါင်းစုံမှ ပေါင်းစပ်ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၉၀ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ ၁၉၉၃-၉၄ ခုနှစ်တွင် သိင်္ဂုတ္တရဥယျာဉ်တော် သာယာလှပမှု တဖြည်းဖြည်းလျော့နည်းလာသဖြင့် ၁၉၉၄ ခုနှစ်တွင် ထပ်မံ၍ ဥယျာဉ်တော်အဆင့်ဖြင့် စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ထပ်မံဆောင်ရွက်ခဲ့ကြပါသည်။ 

ထို့ပြင် ဝင်္ကဘာ ပန်းဥယျာဉ်ကိုပါ လက်ရှိပုံစံအတိုင်း ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၀၅ ခုနှစ်တွင် ကန်တော်မင်္ဂလာ ပန်းဥယျာဉ်အား ဂေါပကအဖွဲ့မှ ကြီးကြပ်၍ ပြင်ပမြေယာ ပြုပြင်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကျယ် အဝန်း ၁၂.၅ ဧကရှိသော ရှင်ဥပဂုတ္တကန်ဘေးရှိ မြေနိမ့်ချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ မြေယာ အလှပြုပြင်ခြင်း၊ အရိပ်ရပင်၊ ပန်းအလှပင်နှင့် မြက်ခင်းများ စိုက်ပျိုးခြင်း၊ လျှပ်စစ်မီးရောင်စုံ ထွန်းညှိခြင်း၊ ရေပိုက်နှင့် ရေပန်း များ တပ်ဆင်ခြင်းလုပ်ငန်းများအား အများပြည်သူလှူဒါန်းငွေ ကျပ်သိန်းပေါင်း (၂၅၀၀) ကျော်ကျခံ သုံးစွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။