ရွှေတိဂုံစေတီတော်

စေတီတော်သမိုင်း

မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-588)တွင် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟ (၇)ဌာနတွင် လှည့်လည် စံမြန်းတော်မူစဉ် ဥက္ကလာတိုင်းမှ တဖုဿနှင့် ဘလ္လိကအမည်ရှိ ကုန်သည် ညီနောင်တို့သည်ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက်ဘုရား ရှင်ထံမှဘုရားရှင် ကိုယ်တိုင်ပေးသနားတော်မူသော ဆံတော်မြတ်ရှစ်ဆူကို ပင့်ဆောင်လျက် ဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိခဲ့ရာ ဥက္ကလာပမင်းကြီး အမှူးပြုပြီး တိုင်းသူ ပြည်သားများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ဥက္ကလာပမင်းကြီးအမှူးပြုသော ဥက္ကလာပတိုင်းသားများသည် ရှေးယခင် ပွင့်တော်မူပြီးသောကကုသန္ဓဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမန ဘုရားရွင္၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်တို့နှင့် ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရကုန်းတော်တွင် ဌာပနာ၍ ဉာဏ် တော်အမြင့် (၆၆)ပေ၊ (၄၄တောင်)- (၂၀မီတာ)ရှိသော ရွှေတိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့သည်။ ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားလေးဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်ရာစေတီ ဖြစ်သောကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ဟု ဘွဲ့အမည်ရသည်။

ခရစ်မပေါ်မီခြောက်ရာစု (BC-၆၀ဝ) ခန့်မှခရစ်နှစ်(၁၄)ရာစုအထိ ရွှေတိဂုံ စေတီတော်ကို ဥက္ကလာပမင်း (၃၂)ဆက်တို့ကလည်းကောင်း၊ခရစ်နှစ် (၁၃၇၂) ခုနှစ်မှစတင်၍ဗညားဦးမင်း၊ ဗညားရန်မင်း၊ ဗညားကျန်းတောမင်း အစရှိသော မင်းအဆက်ဆက်တို့ကလည်းကောင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြသည်။ ခရစ်နှစ် (၁၄၅၃)ခုနှစ်၊ ဘုရင်မကြီးရှင်စောပုလက်ထက်တွင် စေတီ တော်ကြီးကို ဉာဏ်တော်အမြင့် (၃၀၂)ပေအထိ တိုးချဲ့တည်ဆောက်ခဲ့ပြီး (၁၇၇၄)ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက်တွင် လက်ရှိဉာဏ်တော်အမြင့် (၃၂၆)ပေ၊ (၉၉.၃၆)မီတာတိုင်အောင်မြှင့်တင်ပြုပြင်ခဲ့သည်။

တည်နေရာပြအညွှန်း

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သိင်္ဂုတ္တရကုန်းတော်ပေါတွင် တည်ရှိပါသည်။ 

မြောက်ဘက်နှင့် အရှေ့ဘက်တွင် အာဇာနည်လမ်း၊ တောင်ဘက်တွင် ဦးထောင်ဘိုလမ်း၊ အနောက်ဘက်တွင် ဦးဝိစာရလမ်း တို့ကြားတွင် တည်ရှိပါသည်။

ရွှေတိဂုံစေတီ အင်္ဂါရပ်တော်အစိတ်အပိုင်းများနှင့် သိမှတ်ဖွယ်ရာအကျဉ်း

စိန်ဖူးတော်
စိန်ဖူးတော်သည် စေတီတော်၏ ပန်းလည်တိုင်အထွတ်၌ မိုးသား ကောင်းကင်ပြင်ကို နောက်ခံပြုလျက် ထူးခြားသပ္ပာယ် တင့်တယ်စွာ တည်ရှိနေလေသည်။ စိန်ကျောက်ရတနာများကို အငုံအဖူး သဏ္ဍာန်ပြုထားသည့် စိန်ဖူးတော်အထွတ်တွင် ၇၆ ကရက်ခန့်ရှိသော စိန်လုံးကြီးကို စိန်ပွင့်များစီထားသော စိန်လှံသုံးချောင်းတို့က ဖိုခုံလောက်ဆိုင် အုပ်မိုးထားသည်။ ရွှေသားအတိပြီးသော စိန်ဖူးတော်ကြီးသည် အမြင့် ၁ ပေ ၁၀ လက်မ၊ အချင်း ၁၀ လက်မခွဲ၊ အဝန်း ၃၁ ဒသမ ၄ လက်မရှိပြီး စိန်လုံးရေ ၄၃၁ လုံးနှင့်အခြား ကျောက်မျက် ၉၃၀ လုံး တို့ဖြင့် စီခြယ်မွမ်းမံထားသည်။ စိန်များစီလျက် ပုံဖော်ထားသော ရုပ်ပွားတော်၊ စေတီတော်ပုံ၊ ဒေါင်းရုပ်၊ ကြေးစည်ငယ်၊ ယပ်တောင်တို့ အပြင် လှူဒါန်းသူအမည်၊ အဖွဲ့အစည်းတို့ကိုပင် စိန်များစီခြယ် ကပ်ထားသည်မှာ ဆန်းကြယ်လှပ လက်ရာမြောက်လှပေသည်။ စိန်ဖူးတော်ကြီးကို ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက် ကြည်ညိုဖွယ် အသွင်ထူးဖြင့် ဖူးမြင်ကြရမည်ဖြစ်သည်။
ငှက်မြတ်နားတော်
စိန်ဖူးတော်၏ အောက်ဘက်တွင် ဆည်းလည်းပဒေသာ တစ်ဆင့်ခံပြီး ငှက်မြတ်နားတော်တည် ရှိသည်။ ငှက်မြတ်နားတော်၏ အရင်းပိုင်းကို ပန်းလည်တိုင်၌စွပ်လျက် လေတိုက်ရာသို့ လည်ပတ်နိုင်ရန် သံမဏိစုံလည် တပ်ဆင်ထားသည်။ ငှက်မြတ်နားတော်၏ အလေးချိန် ၃၃ ပိဿာခန့်နှင့် ညီမျှစေရန် နောက်ဘက်တွင် ၁၅ ပိဿာခန့်ရှိ မဲတင်းအလေး (ကောင်တာဝိတ်)ကို တပ်ဆင်ထားသည်။ ငှက်မြတ်နားတော်မှာ အကျယ်ဆုံးနေရာ နှစ်ပေ ငါးလက်မခွဲ၊ အရှည်ဆုံးနေရာမှာ လေးပေ နှစ်လက်မ ခွဲရှိပြီး စိန်လုံးရေ ၁၀၉၈ လုံးနှင့် အခြားကျောက်မျက်လုံးရေ ၁၃၃၈ လုံးတို့ဖြင့် အထူးထူးအသွယ်သွယ် စီခြယ်ထားသည်။ ငှက်မြတ်နား ကြေးပြားပေါ်တွင် ရွှေပြားကပ်လျက် နှစ်ခြမ်းစပ်၊ နှစ်ဖက်လှဖြစ်အောင် မြန်မာမှုအနုပညာဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ယိုးဒယား ရွှေပန်းခက်ကြီးကို နောက်ခံပြုကာ ပန်းထိမ်ပညာစွမ်းဖြင့် အနုအရွ အဖုအကြွဖြစ်အောင် ကျောက်မျက်တို့ကို အဆန်းတကြယ် စီခြယ်ထားသည်။
ဆပ်သွားဖူးတော်
ဆပ်သွားဖူးတော်မှာ ထီးတော်ဘုံခုနစ်ဆင့်ထက်တွင် တည်ရှိနေသည်။ အမြင့် ရှစ်ပေ နှစ်လက်မခန့်ရှိပြီး အချင်း သုံးပေ သုံးလက်မခန့်ရှိ ဆပ်သွားဖူးတော်ကို ငွေသတ္တုစပ် အပြားငယ်များဖြင့် ဆပ်သွားဖူးပုံစံ ဖော်ကာ ရက်လုပ်လျက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းအပေါ်၌ ရွှေပြားထပ်အုပ်ပြီးလျှင် ကျောက်မျက်ရတနာများဖြင့် မွမ်းမံစီခြယ်ထားသည်။ ဆပ်သွားဖူးတော်မှာ ရွှေဆည်းလည်း ပဒေသာပင်ကြီးပမာ ရွှေဆည်းလည်းများကိုသာ တွေ့မြင်ကြရမည်ဖြစ်သည်။ ဆပ်သွားဖူးတော်တွင် မူလကပင် ရှိနေသော အပေါက်ငယ်များတွင် အသင့်ပြုလုပ်ထားသည့် ငွေရိုး၊ ရွှေရိုးများ တပ်ဆင်ထားအပ်သော ကျောက်မျက်ခြယ်ပွင့်များ၊ ရွှေဆည်းလည်းများကို အများပြည်သူတို့လှူဒါန်းကြသော ရွှေဆည်းလည်း၊ ရွှေညောင်ရွက်၊ လက်ဝတ်ရတနာပစ္စည်းများဖြင့် ဖြည့်စွက်လျက် ဆပ်သွားဖူးတော် ခြယ်ပွင့်ဟောင်း ၃၄၈ ခုနှင့် ခြယ်ပွင့်သစ် ၂၀၈ ခုတို့ကို တင်လှူ ခဲ့ကြလေသည်။
ထီးတော်

စေတီတော်မြတ်ကြီး၏ ထီးတော်ဘုံဆင့်များကို စွန်းထင်းခံသံမဏိ (Stainless Steel)များဖြင့် ပြုလုပ်တပ်ဆင်ပြီးသည့် ထီးတော် ဘုံဆင့်များကို အများပြည်သူတို့အား ရင်ပြင်တော်တွင် အပူဇော်ခံပြီးနောက် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ဦးစီးလျက် ပြည်သူတစ်ရပ်လုံး တစ်ခဲနက်ပါဝင်သော ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲကို ၁၉၉၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ ဧပြီလ (၆) ရက်နေ့အထိ (၃) ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါသည်။

  • ထီးတော်ဘုံဆင့်ပေါင်း – ၇ဆင့်
  • ထီးတော်အမြင့် – ၄၃ပေ (၁၃မီတာ)
  • အကျယ်ဆုံးအချင်း – ၁၅ပေ၆လက်မ(၅မီတာ)
  • ရွှေသားအလေးချိန် – ၀.၅တန် (၅၀၀ကီလိုဂရမ်)

ရန်ကုန်မြို့သမိုင်း

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ် သည်။ ယခင်က နိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံ၏ မြို့တော်ကို နေပြည်တော်အဖြစ် ပြောင်းလဲသတ်မှတ်၍ အစိုးရရုံးများ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ရန်ကုန်ကို စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြောက်လတ္တီတွဒ် ၁၆’.၄၆ နှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၁၀’ ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာတွင် တည်ရှိ၍ ပင်လယ်ဝမှ ၂၁ မိုင်ခန့် ကွာဝေးသည်။ ရေတက်ရေကျရှိသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွား လာနိုင်ပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေကြာင်းလမ်းတို့ဖြင့် ဆက်သွယ်လျက်ရှိပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာနေရာလည်းဖြစ်သည်။ ရန်ကုန်မြို့သမိုင်းသည် ရှေးနှစ်ပေါင်း ၂၆၀၀ ကျော်က အစပြုခဲ့၍ ရွှေတိဂုံစေတီတော်သမိုင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ရှေးက ဥက္ကလာပ ဟုအမည်တွင်ခဲ့ပြီး (၁၁) ရာစုနှစ်သို့ရောက်သောအခါ ဒဂုန်ဟုခေါ်ကြောင်း မွန်ရာဇဝင်တွင် ဖော်ပြထားသည်။ အလောင်းဘုရားလက်ထက် ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် ရန်ကုန်ဟူသော အမည်ရရှိခဲ့သည်။

ရှေးရှေးတုန်းက ရွှေတိဂုံပုံရိပ်များ

၁၈၇၀ ခုနှစ်အစောပိုင်းကာလ (ခန့်မှန်း) တောင်ဘက်မုခ်

၁၈၄၅~၅၂ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၈၈၇ ခုနှစ်(ခန့်မှန်း) တောင်ဘက်မုခ်

၁၈၆၀ ခုနှစ် (ခန့်မှန်း)

၁၈၇၈ ခုနှစ် (ခန့်မှန်း)

၁၈၆၀ ခုနှစ်(ခန့်မှန်း)

၁၉ ရာစု နှစ်လယ်ကာလ (ခန့်မှန်း)

၁၈၃၉~ ၅၂ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၈၆၅~၇၀ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉၀၀ ခုနှစ် (ခန့်မှန်း) တန့်တော်မူစေတီ၊ ရွှေတိဂုံစေတတီတော် တောင်ဘက်မုခ်

၁၉၀၀ ခုနှစ် (ခန့်မှန်း) ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ဦး၊ သာယာဝတီမင်းဘုံဆောင်နှင့် ခြင်္သေ့ရုပ်တု (၂)စီး

၁၉၀၀ ခုနှစ် (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ထန်းပင်ငယ်များ

၁၉၂၉~၃၀ ခုနှစ်ကာလ (ခန့်မှန်း) မြောက်ဘက်မုခ်

၁၉၈၀ ခုနှစ် (ခန့်မှန်း)

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်

၁၉၄၅~၅၂ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉၁၀ ခုနှစ် (ခန့်မှန်း) ဓါတ်ရထားစီးနင်းနေကြသည့် သံဃာတော်များနှင့် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ဦး

၁၉၂၉ ခုနှစ် (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်

၁၈၉၀ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉၃၇ ခုနှစ် (ခန့်မှန်း) အနောက်ဘက်မုခ်ဦး

၁၉၇၀ ခုနှစ် (ခန့်မှန်း) ၊ အနောက်ဘက်မုခ်ဦး

၁၉၄၈ ခုနှစ် (ခန့်မှန်း) အနောက်ဘက်စောင်းတန်း

၁၉၃၉~၄၅ ခုနှစ် ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်

၁၉ ရာစု (ခန့်မှန်း) ရွှေတိဂုံစေတီတော်

၁၈၉၄~၁၈၉၉ ခုနှစ် ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉၇၅ ခုနှစ် (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်

၁၉၆၅~၇၅ ခုနှစ်ဝန်းကျင်ကာလ (ခန့်မှန်း)

၁၉၈၀~၈၅ ခုနှစ်(ခန့်မှန်း) ရွှေတိဂုံစေတီတော်

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတိတော်

၁၉၉၀ ခုနှစ် ဝန်းကျင်ကာလ (ခန့်မှန်း)

၁၈၅၅ ခုနှစ်ဝန်းကျင်ကာလ(ခန့်မှန်း)

၁၉၉၈~၉၉ ခုနှစ် (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်

၁၉ ရာစု (ခန့်မှန်း) ရွှေတိဂုံစေတီတော်

၁၉ ရာစု တောင်ဘက်စောင်းတန်း

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်တနင်္ဂနွေထောင့်

၁၉ ရာစု (ခန့်မှန်း) ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း

၁၉ ရာစု (ခန့်မှန်း) ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ ပန်းဆိုင်များ

၁၉ ရာစု (ခန့်မှန်း) ၊ ရွှေတိဂုံစေတီတော်

၁၉၇၇ ခုနှစ် (ခန့်မှန်း) ရွှေတိဂုံစေတီတော် ရင်ပြင်တော်အနောက်ဘက်

၁၈၈၀ ခုနှစ် (ခန့်မှန်း)မြောက်ဘက်စောင်းတန်း