မဟာဗုဒ္ဓဝင်ပြခန်း
မဟာဗုဒ္ဓဝင်ပြခန်း
တည်နေရာ
ရွှေတိဂုံစေတီတော် အနောက်မြောက်ထောင့်ရှိ အောက်ပစ္စယံ
စတင်ဖွင့်လှစ်သည့်ရက်
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၁ မှ ၁၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၁၁ မှ ၂၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၂၁ မှ ၃၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၃၁ မှ ၄၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၄၁ မှ ၅၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၅၁ မှ ၆၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၆၁ မှ ၇၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၇၁ မှ ၈၁
၁။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရှင်ရသေ့ဘဝ။
၂။ ဗျာဒိတ်ပေးသောဘုရားရှင် = ဒီပင်္ကရာမြတ်စွာဘုရား။
၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့။
၄။ သုမေဓာရှင်ရသေ့၏ မွေးဖွားရာဒေသ = အမရဝတီတိုင်းပြည်။
၅။ ဗျာဒိတ်ခံယူသောဒေသ = ရမ္မမြို့။
၆။ ပါရမီတော်၏ နောက်ဆုံးဘဝ = ဝေဿန္တရာမင်းကြီး။
၇။ စရိယ (အကျင့်) သုံးပါး = လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ။
၈။ ပါရမီဖြည့်ဖက် အမျိုးသမီး = သုမိတ္တာ။
၉။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း။
၁ဝ။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် = သတ္တဝါများ၏ ကောင်းကျိုးကို ဆောင်ရွက်ရန်။
၁၁။ ပါရမီ (၁ဝ) ပါး = ဒါန, သီလ၊ နေက္ခမ္မပါ၊ ပညာ, ဝီရိ, ခန္တီ, သစ္စာ၊ အဓိဋ္ဌာန, မေတ္တာ, ပေက္ခာ၊ ပါရမီ-ဆယ်လီမှတ်ကြရာ။
၁၂။ စွန့်ခြင်းကြီးငါးပါး = ဥစ္စာ၊ သားသမီး၊ ဇနီးတစ်ဖြာ၊ အင်္ဂါခြေလက်၊ ကိုယ့်အသက်၊ ပေးဆပ် စွန့်ခြင်းကြီး။
၁၃။ ဘုရားမဖြစ်မီ တစ်ဘဝ = တုသိတာနတ်ပြည်၌ သေတကေတုအမည်ရှိသော နတ်သားဖြစ်။
၁၄။ သန္ဓေယူသော နှစ်၊ လ၊ နေ့၊ အချိန် = မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၊ ညသန်းခေါင်ယံ။
၁၅။ ဘုရားလောင်း၏ တိုင်းပြည် = မဇ္ဈိမဒေသ၊ သက္ကတိုင်း၊ ကပိလဝတ်ပြည် (နီပေါ)။
၁၆။ ဘုရားလောင်းကို မွေးဖွားသည့်မြို့ = ကပိလဝတ်ပြည်နှင့် ဒေဝဒေဟပြည်အကြား။
၁၇။ မွေးဖွားရာဒေသ = လုမ္ဗိနီအင်ကြင်းဥယျာဉ်။
၁၈။ မွေးဖွားသည့် ခုနှစ်၊ လ၊ နေ့ = မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၁၉။ ဖွားဖက်တော် (၇)ဦး = အာ၊ ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကဏ်(ညီတော်အာနန္ဒာ၊ ဗောဓိပင်၊ ကာဠုဒါယီအမတ်၊ ယသော်ဓရာ၊ ဆန္ဒအမတ်၊ ရွှေအိုးကြီး ၄-လုံး၊ ကဏ္ဍကမြင်း)။
၂ဝ။ ဘုရားလောင်း၏မျိုးရိုး = သာကီဝင်မင်းမျိုး။
၂၁။ ဘုရားလောင်းအမည် = သိဒ္ဓတ္ထ (အကျိုးစီးပွားအားလုံးကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်သူ)။
၂၂။ ဘုရားလောင်း၏ ခမည်းတော်(ဖခင်) = ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီး။
၂၃။ ဘုရားလောင်း၏ မယ်တော် (မိခင်)= သီရိမဟာမာယာဒေဝီ။
၂၄။ မိထွေးတော် = မဟာပဇာပတိဂေါတမီ (သီရိမဟာမာယာဒေဝီ၏ ညီမ)။
၂၅။ ကြင်ယာတော် = ယသော်ဓရာ (ဘဒ္ဒကဉ္စနာဟုလည်း ခေါ်သည်)။
၂၆။ သားတော် = ရာဟုလာ။
၂၇။ မယ်တော်နတ်ရွာစံ (ကွယ်လွန်ရက်) = ဘုရားအလောင်းကို မွေးဖွားပြီးနောက် ၇-ရက်မြောက်နေ့။
၂၈။ ဘုရားလောင်းလက်ထပ်သည့်အရွယ် = အသက် (၁၆)နှစ် အရွယ်။
၂၉။ ယသော်ဓရာ၏ မိဘများ = ဒေဝဒဟပြည့်ရှင် ဘုရင် သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီ။
၃ဝ။ ဘုရားလောင်းနန်းစံနှစ်ပမာဏ = (၁၃) နှစ်ကြာ၊ (အသက် -၁၆နှစ်မှ ၂၉-နှစ်အထိ)။
၃၁။ စံနန်းသုံးဆောင် = ရမ္မ၊ သုဘ၊ သုရမ္မ (=ဆောင်း၊ မိုး၊ နွေစံ)။
၃၂။ နိမိတ်ကြီး ၄-ပါး = သူအို၊ သူနာ၊ သူသေ၊ ရဟန်း။
၃၃။ တောထွက်သောအရွယ် = (၂၉)နှစ် အရွယ်။
၃၄။ တောထွက်သည့်ခုနှစ် = မဟာသက္ကရာဇ် (၉၇)ခုနှစ်။
၃၅။ တောထွက်သည့် လ၊ နေ့၊ အချိန် = ဝါဆိုလပြည့်၊ တနင်္လာနေ့၊ ညသန်းခေါင်ယံအချိန်။
၃၆။ တောထွက်နိုင်ရန် ကူညီသူများ = ဖွားဖက်တော်၊ ဆန္ဒအမတ်နှင့် ကဏ္ဍကမြင်း။
၃၇။ တောမထွက်အောင် တားဆီးသောနတ် = မာရ်နတ် (နတ်အဖျက်သမား)။
၃၈။ ဘုရားလောင်းအား သင်္ကန်းလှူသူ = ဃဋိကာရဗြဟ္မာမင်း။
၃၉။ ဆံတော်ပယ်သည့်နေရာ = အနော်မာ သောင်ပြင်။
၄ဝ။ ဘုရားလောင်း၏ ဆံတော်ကိုခံယူသူ = သိကြားမင်း (ရတနာပန်းကလပ်ဖြင့် ခံယူသည်)။
၄၁။ ဘုရားလောင်း၏ ဆံတော်ကိုတည်ထားသောစေတီ = စူဠာမဏီ စေတီ (တာဝတိံသာနတ်ပြည်)။
၄၂။ ဘုရားလောင်း၏ ဝတ်လဲတော်ကိုခံယူသူ = ဃဋိကာရ ဗြဟ္မာမင်း။
၄၃။ ဝတ်လဲတော်ကို တည်ထားသောစေတီ = ဒုဿစေတီ (ဗြဟ္မာပြည်)။
၄၄။ ဒုက္ကရစရိယအဓိပ္ပာယ် = လူသာမာန်တို့ကျင့်နိုင်ခဲသောအကျင့်။
၄၅။ ဒုက္ကရစရိယကျင့်သောနေရာ = ဥရုဝေလတော။
၄၆။ ဒုက္ကရစရိယကျင့်သောနှစ်ပေါင်း = (၆) နှစ်။ (မဟာသက္ကရာဇ် ၉၇- ခုနှစ်မှ ၁ဝ၃-ခုနှစ် အထိ)။
၄၇။ ဘုရားလောင်းအား နို့ဆွမ်းလှူသူ = သူဌေးသမီး သုဇာတာ။
၄၈။ နို့ဆွမ်းအလှူခံသည့်နေရာ = အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရင်း။
၄၉။ ရွှေခွက်မျှောသောမြစ် = နေရဉ္ဇရာမြစ်။
၅၀။ ဘုရားလောင်းအား မြက်ရှစ်ဆုပ်လှူသူ = မြက်ရိတ်ပုဏ္ဏား သောတ္ထိယ (သွတ်ထိယ)။
၅၁။ ဘုရားဖြစ်ခါနီး လာနှောင့်ယှက်သူ = မာရ်နတ်။
၅၂။ ရရှိသောဉာဏ်တော်များ = ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုရသည်။ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကိုရသည်။ မိုးသောက်ယံ၌ အာသဝက္ခယဉာဏ်ကိုရသည်။
၅၃။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်။
၅၄။ ဘုရားဖြစ်သည့် ခုနှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ်။
၅၅။ ဘုရားဖြစ်သည့် လ၊ နေ့၊ အချိန် = ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ နံနက်အရုဏ်တက်ချိန်။
၅၆။ ဘုရားအဖြစ်သို့ ရောက်ရှိသောနေရာ = ဖွားဖက်တော် မဟာဗောဓိညောင်ပင်ရင်း အပရာဇိတ ရတနာပလ္လင်တော်။
၅၇။ ဘုရားရှင်ဘွဲ့တော် = ဂေါတမမြတ်စွာဘုရား။
၅၈။ ဘုရားပွင့်ရာသက်တမ်း = အနှစ် (၁ဝဝ) တမ်း။
၅၉။ တရားဦး ဓမ္မစကြာဟောသည့်နေရာ = ဗာရာဏသီပြည်၊ မိဂဒါဝုန်တော။
၆ဝ။ ဓမ္မစကြာဟောသည့် လ၊ နေ့၊ အချိန် = မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်၊ စနေနေ့၊ နေဝင်ခါနီးအချိန်။
၆၁။ ဓမ္မစကြာတရားနာသူများ = လူသာများထဲမှ ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာများ။
၆၂။ ပဉ္စဝဂ္ဂီငါးဦး၏အမည် = အရှင်ကောဏ္ဍည (ကွန်ဒင်ည)၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ။
၆၃။ ပထမဆုံး သရဏဂုံ ၂-ပါးတည်သူ = ဥက္ကလာပဇနပုဒ်မှ (ယခုရန်ကုန်မြို့ဟု အချို့ယူဆကြသည်) တပုဿ(တပုတ်သ)နှင့် ဘလ္လိက (ဘန်လိက) ကုန်သည်ညီနောင် နှစ်ယောက်။
၆၄။ ၎င်းတို့အား ဘုရားရှင်ချီးမြှင့်သည့်အရာ = ဆံတော် (၈)ဆူ။
၆၅။ ဆံတော်ဌာပနာထားသည့်စေတီ = ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်။
၆၆။ ပထမဆုံး သရဏဂုံ ၃-ပါးတည်သူ = ယသ သတိုးသားနှင့် မိသားစု။
၆၇။ အောင်ခြင်း (၈)ပါး = မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂိရိဆင်၊ အင်္ဂုလိမာလလူဆိုး၊ စိဉ္စမာဏဝိကာ မိန်းမယုတ်၊ နန္ဒေါပနန္ဒနဂါးမင်း၊ ဗကဗြဟ္မာ၊ သစ္စကပရိဗိုဇ်။
၆၈။ ပထမနှင့် နောက်ဆုံးကျွတ်တမ်းဝင်သောသာဝက = အရှင်ကောဏ္ဍညနှင့် သုဘဒ္ဒပရိဗိုဇ် (သုဘတ်ဒပရိဘိုက်)။
၆၉။ လက်ျာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ။
၇ဝ။ လက်ဝဲရံ အဂ္ဂသာဝ = အရှင်မောဂ္ဂလ္လာန် (မောက်ဂန်လန်)။
၇၁။ အဆုံးအမ သာသနာ = ပရိယတ္တိ သာသနာ ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာ။
၇၂။ ကျင့်စဉ်သိက္ခာ = သီလ သိက္ခာ၊ သမာဓိ သိက္ခာ၊ ပညာ သိက္ခာ။
၇၃။ ဘုရားရှင်ချမှတ်သောလမ်းစဉ် = မဇ္ဈိမပဋိပဒါ (=အလယ်အလတ်) လမ်းစဉ်။
၇၄။ လောကအကျိုးသယ်ပိုးခဲ့သည့်နှစ်ပေါင်း = (၄၅)ဝါ၊ (၄၅)နှစ်။
၇၅။ ပရိနိဗ္ဗာန်စံချိန် သက်တော်၊ ဝါတော် = သက်တော် (၈ဝ)၊ ဝါတော် (၄၅)။
၇၆။ ပရိနိဗ္ဗာန်စံသော ခုနှစ်, လ, နေ့, အချိန် = မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၊ နံနက် အရုဏ်တက်ခါနီးအချိန်။
၇၇။ ပရိနိဗ္ဗာန်စံသည့်နေရာ = ကုသိနာရုံပြည်၊ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်။
၇၈။ တေဇောဓာတ် လောင်တော်မူသောနှစ်,လ, ရက်, နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။
၇၉။ ကြွင်းကျန်သည့်ဓာတ်တော်ပမာဏ = ရှစ်စိတ် (=၂တင်း)။
၈ဝ။ ဓာတ်တော်ကြွင်းကျန်ရစ်စေရန် ဘုရားရှင်ဓိဋ္ဌာန်ရသည့် ရည်ရွယ်ချက် = ဓာတ်တော်များကို ပူဇော်နိုင်ရန်နှင့် သတ္တဝါများ ချမ်းသာတိုးပွားအကျိုးများစေရန်။
၈၁။ ဘုရားရှင်၏နောက်ဆုံးအမှာစကား = ဖြစ်ပေါ်လာသော ရုပ်နာမ်မှန်သမျှ ပျက်စီးတတ်သောသဘောရှိသောကြောင့် အရာရာမှာ သတိဖြင့်နေကြ။
မဟာဗုဒ္ဓဝင်ပြခန်းတွင် ပြသထားသော
ဗုဒ္ဓဖြစ်တော်စဉ်ပြခန်း (၂၈)ခန်း
- ပြခန်း (၁)
- ပြခန်း (၂)
- ပြခန်း (၃)
- ပြခန်း (၄)
- ပြခန်း (၅)
- ပြခန်း (၆)
- ပြခန်း (၇)
- ပြခန်း (၈)
- ပြခန်း (၉)
- ပြခန်း (၁၀)
- ပြခန်း (၁၁)
- ပြခန်း (၁၂)
- ပြခန်း (၁၃)
- ပြခန်း (၁၄)
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲ ဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသော စကားကြုံးဝါး တော်မူ၏။

၂။ ထီးနန်းစိုးစံတော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီစံနန်းပြသာဒ်၊ “သုရမ္မ” မည်သော နွေရာသီစံနန်းပြသာဒ်၊ “သုဘ” မည်သော မိုးရာသီစံနန်းပြသာဒ်များ တည်ဆောက်ပြီး၊ အလှည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်း ကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြား ပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူသည်။

၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း
မဟာသက္ကရာဇ် ၉၆ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီး ကသော ရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင်ရပြန်သောအခါ မိမိလည်း ဤသို့နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ် တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိ လေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင် တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တဝါတို့၏ အကျိုးကို ဖြစ်ထွန်းစေပြီး ဘဝမှ လွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြုရန် အဓိဋ္ဌာန်တော်မူ၏။

၄။ တောထွက်တော်မူခန်း
သက်တော် ၂၉ နှစ် ရောက်သောအခါ အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတော်တို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် ဆန္နအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကို စီးကာ တောထွက်တော်မူ၏။ အနော်မာမြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်းကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အဝတ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့ လွှဲအပ်ပြီး နေပြည်တော်သို့ ပြန်ရန် စေလွှတ်တော်မူ၏။

၅။ ဒုက္ကရစရိယာကျင့်တော်မူခန်း
ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံ အားထုတ်တော်မူ၍ အစဦးတွင် ဆွမ်းခံလှည့်၍စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူသည်။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်စေ့ တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည် တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓါတ်နည်းပါးသောကြောင့် ကြုံလှီ ဖျော့တော့ အားအင်ကုန်ခမ်း၍ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရှုံ့ခွက်နေသကဲ့သို့ ဖြစ်၏။ အသားအရေသည် ငါးခူရောင် ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့နေပြီး ကိုယ်ကိုလက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ ကဲ့သို့ဖြစ်၍ ဝမ်းဗိုက်ကိုကိုင်သော် ခါးဆစ်ကို ကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ် ခွာကဲ့သို့ ရှုံ့ခွက်နေ၍ မတ်ရပ်ထသောနေရာ၌ လဲ၍ကျလေသည်။ သဗ္ဗညုတဉာဏ်တော် ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစတိုင်တိုင် ကျင့်တော်မူ၏။

၆။ ဘုရားဖြစ်တော်မူခန်း
အလောင်းတော်သည် ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်သော်လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်းပြောင်း၍ အာနပါန စတုတ္ထဈာန်ကို ဝင်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှ အာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူး နေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၍ နေမဝင်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသဝက္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူ လေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။

၇။ ဓမ္မစကြာတရားဟောတော်မူခန်း
မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျှော်သော ဤသတ္တဝါများကို တရား ဟောသော် တရားကို လွယ်ကူစွာနားလည်နိုင်ကြမည် မဟုတ်ကုန်။ တရား ဟောလျှင် ပင်ပန်းရုံသာဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတ္တိဗြဟ္မာကြီး တောင်းပန်ချက်အရ တရားဟောရန်သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စဝဂ္ဂီငါးဦးကိုသာ မြင်လေ၏။ ပဉ္ဏဝဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ဝင်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့် စနေနေ့ ညချမ်းနေမင်းလည်း ဝင်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လု ဆဲဆဲကာလတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦး ဓမ္မစကြာကို ဟောတော်မူ၏။

၈။ ယဿသူဋ္ဌေးသားရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီ စည်းစိမ်ခံစားနေစဉ် တစ်ညဉ့်သ၌ သန်းခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲ ပုံပျက် ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင် ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှထွက်၍ မိဂဒါဝုန်တောသို့ရောက်လာ၏။ မြတ်စွာ ဘုရားနှင့်တွေ့သဖြင့် တရားဟောသောကြောင့် သောတပန်ဖြစ်လေ၏။ သားပျောက် သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတပန်ဖြစ်လေ၏။
ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ ၏။ သူဌေးကြီးနှင့် သူဌေးကတော် နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများဖြစ်၏။

၉။ ယသော်ဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးခြံရံလျက် ယသော်ဓရာခန်းမဆောင်သို့ ဝင်လေ၏။ ယသော်ဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကို ဦးခိုက်၍ ရှိခိုးငိုကြွေးလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုင် သကဲ့သို့ ယသော်ဓရာလည်း ခြိုးခြံနေထိုင်ကြောင်း လျှောက်ထားသော် စန္ဒကိန္နရီဇာတ်ကို ဟောလေသည်။
ယသော်ဓရာသည် သားတော် ရာဟုလာအား ဖခင်ထံမှ အမွေတောင်းခံရန် တိုက်တွန်းလေသော် ရာဟုလာလည်း မြတ်စွာဘုရားရှင်ထံမှ အမွေတောင်း၏။ မြတ်စွာ ဘုရားက အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေ အဖြစ် ရှင်သာမဏေ ပြုပေးတော်မူလေသည်။

၁၀။ ရောဟီဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရားဟောတော်မူခန်း
ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြား ရောဟီဏီမြစ်ရေကို အကြောင်းပြု၍ နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြ၏။ ဤအငြင်းပွားမှုကြောင့် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရန် ပြင်ဆင်ကြလေသည်။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့် အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင် စစ်တပ်အကြား ရောဟီဏီမြစ်အထက် ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် တန်ဖိုး နည်းသော ရေနှင့်ပတ်သက်၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရှုံးစေသင့် ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူ၏။

၁၁။ ဘိက္ခုနီသာသနာခွင့်ပြုတော်မူခန်း
မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီ သည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရဟန်းဘောင်သို့ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့၏။ မြတ်စွာဘုရား ဝေသာလီပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော်ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ဝတ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြ၏။
ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ဝန်ခံနိုင်လျှင် ပဉ္စင်းခံမှုဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။

၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း
အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ် အနာအဆာများကို ဟောကြားလေ့ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၏။ ဝေဠုဝန် ကျောင်းတော်၏ သာယာလှပပုံ တေးသံကို ကြားရသောကြောင့် ဝေဠုဝန်ကျောင်းတော်သို့ ခေမာမိဖုရား ရောက်လာ၏။
ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက် သာလွန် လှပသော မိန်းမပျိုကို အံ့ဩစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏အဆင်း သည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့်ဖောက်ပြန် ပျက်စီးသွားလေသည်။ ခေမာ မိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေသည်။

၁၃။ ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
ရာဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ဝါးထိပ် တွင် ချိတ်ဆွဲကာ ရဟန္တာအမည်ခံသူများသည် ဤသပိတ်ကိုကောင်းကင်မှယူနိုင်ပါက စည်းစိမ်အားလုံးလှူမည့်အပြင် သားမယားနှင့်တကွ ကျွန်ခံမည်ဟုကြေညာ၏။ မည်သူမျှ မယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါ တကားဟု သေသောက်ကြူးသူများက ပြက်ရယ်ပြုကြ၏။
မြတ်စွာဘုရား၏သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရ သောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှသပိတ်ကိုယူလေ သော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။

၁၄။ အဘိဓမ္မာတရားဟောကြားတော်မူခန်း
မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သား အမှူးပြုသော နတ်သိကြားဗြဟ္မာအပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ် လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုန်းပေး၍ နေ့သန့်နေတော်မူစဉ် ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူနေ၏။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူနေ၏။ တာဝတိံသာ နတ်ပြည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ် လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။

- ပြခန်း (၁၅)
- ပြခန်း (၁၆)
- ပြခန်း (၁၇)
- ပြခန်း (၁၈)
- ပြခန်း (၁၉)
- ပြခန်း (၂၀)
- ပြခန်း (၂၁)
- ပြခန်း (၂၂)
- ပြခန်း (၂၃)
- ပြခန်း (၂၄)
- ပြခန်း (၂၅)
- ပြခန်း (၂၆)
- ပြခန်း (၂၇)
- ပြခန်း (၂၈)
၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်းစံပျော်တော်မူခန်း
မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သတင်းသုံးတော်မူ နေစဉ် ဝိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတို့သည် ဝစ္စကုဋီသန့်သက် ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြ၏။ မြတ်စွာဘုရားဆုံးမတော် မူသော်လည်း မလိုက်နာဘဲ ဆက်လက်အငြင်းပွားနေကြ၏။ ဤရဟန်းနှစ်ပါးကို အကြောင်းပြု၍ သံဃာသင်းကွဲကာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသွားပြီး ဗြဟ္မာပြည် တိုင်အောင် အုပ်စုကွဲပြားလေ၏။
မြတ်စွာဘုရားသည် သံဃာပရိတ်သတ်တို့ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုသဖြင့် ပါလိလေယျကတောသို့ ကြွရောက်သီတင်းသုံးစဉ် ပါလိလေယျက ဆင် နှင့် မျောက် တို့က ပြုစုကြလေသည်။

၁၆။ သိင်္ဂါလသတိုးသားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားသည် စိုသော အဝတ်၊ စိုသော ဆံပင်တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုး နေသော သိင်္ဂါလ သတိုးသားကို မြင်တွေ့ရ၏။ အရပ်ခြောက်မျက်နှာကို ရှိခိုးရန် အဖမှာကြားသောကြောင့် ရှိခိုးကြောင်း သိင်္ဂါလ သတိုးသားကဖြေ၏။ ထိုအခါ မြတ်စွာ ဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပါယ်နှင့် အရပ်ခြောက်မျက်နှာကို ကိုယ်စား ပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး တို့၏ ဝတ္တရားများကို ဟောကြား လေ၏။
(သိင်္ဂါလောဝါဒသုတ်သည် မြန်မာများ ကျင့်သုံးနေသော မိဘဝတ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)

၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏ ရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားအပေါ်ကို အမျက်ထွက်ကာ ကြမ်းတမ်းသောစကားများဖြင့် ဆဲရေးလေ၏။
မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထို ခဲဖွယ်ဘောဇဉ်များသည် မည်သူ့ထံ၌ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်း ဖြေကြားသော မြတ်စွာဘုရားက သင်၏မယဉ်ကျေးသော ဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။

၁၈။ ရှင်အာနန္ဒာ၏ပယ်လေးတန်၊ ပန်လေးပါး ဆုရှစ်ပါးတောင်းခံတော်မူခန်း
မြတ်စွာဘုရား ဝါတော်နှစ်ဆယ်ရသော် အမြဲတမ်း အလုပ်အကျွေး ရဟန်းတစ်ပါး လိုလာ၏။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်း အလုပ်အကျွေးရွေးရန်မိန့်ကြား ၏။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို လုပ်ကျွေးခွင့်ပြုရန် လျှောက်ထားစေလိုကြောင်း တိုက်တွန်းကြ၏။ ညီတော်အာနန္ဒာက မိမိမလိုလားသော ဆုလေးမျိုးကို ပယ်ခွင့်ရပြီး၊ လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် လုပ်ကျွေးမည် ဖြစ်ကြောင်းလျှောက်၍ ပယ်ဆုလေးတန်၊ ပန်ဆုလေးပါးတောင်းပြီး အမြဲတမ်း အလုပ်အကျွေးတာဝန်ယူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင် လုပ်ကျွေးတော်မူလေ၏။

၁၉။ ကာလာမသုတ် ဟောတော်မူခန်း
ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ အချို့သော သမဏ ဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ဝါဒကို ရှုတ်ချကြ၏။ မည်သည့် ပုဂ္ဂိုလ်တို့၏ ဝါဒစကားသည် မှန်သနည်းဟုလျှောက်သော် မြတ်စွာ ဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသော စကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသော တရားများကို စွန့်ပယ်၍ ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည် ကျင့်ကြံကုန်ရာ၏ဟု “ကေသမုတ္တိသုတ်” ကို ဟောတော်မူ လေ၏။

၂၀။ ဂိလာနရဟန်းအားပြုစုတော်မူခန်း
မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ဝမ်းသက်ရောဂါဖြစ်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်နေသော ရဟန်းကြီးတစ်ပါး ကို မြင်လေ၏။ မြတ်စွာဘုရားက ထိုသူရဟန်းကို မေးမြန်းသော် မိမိတွင် လုပ်ကျွေးမည့်သူ မရှိကြောင်း လျှောက်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တိုင်ရေနွေးဖြင့် ဖန်ရေဆေး၍ သူနာပြုတော်မူ၏။
ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကိုလုပ်ကျွေးပြုစုလိုသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။

၂၁။ မာလုကျပုတ္တရဟန်းအားဆုံးမတော်မူခန်း
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျ ပုတ္တမထေရ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လောကသည်မြဲ၏၊ မမြဲ၏၊ အစရှိသည် တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့ မသိဟု ဝန်ခံရန်၊ အကယ်၍မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားက မာလုကျပုတ္တအား “အကျိုးစီးပွားနှင့်မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည် မြဲသည်ဖြစ်စေ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ တရားတို့သည် တွေ့စမြဲ ဖြစ်သည်။ မြားပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည် တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ဆင်းရဲခြင်းများကို မျက်မှောက်ဘဝ၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့် အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာမှတ်လော့”ဟု ဆုံးမတော်မူ ၏။

၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း
အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလ ပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်၏။ ဥစ္စာမရှိတော့သော ပုဏ္ဏားကြီးကို သားများက စွန့်ပယ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေ စားသောက်နေရ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံရောက်လာသော် မြတ်စွာဘုရားက ဂါထာလေးပုဒ် သင်ကြားပေး၏။ ပုဏ္ဏားကြီးသည် ထိုဂါထာများကို ပရိသတ်စုံရာသဘင်၌ ရွတ်ဆိုသော် မြို့သူမြို့သားများက သားများကို ခြိမ်းခြောက်မောင်းမဲ ပြစ်တင်ကြလေ၏။ သားများလည်း အသိတရားဖြစ်ကာ ဖခင်ပုဏ္ဏားအား ပြန်လည်ကျွေးမွေးပြုစုကြကုန်၏။ ပုဏ္ဏားကြီးလည်း မိမိရသော ပုဆိုးတို့ကို မြတ်စွာဘုရားအား ဆရာစားအဖြစ် လှူဒါန်း၍ ဘုရားထံ၌ ဥပသကာအဖြစ် ခံယူလေ၏။

၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း
မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏားကြီး ထမင်းစားနေစဉ် ဆွမ်းခံကြွလာ၏။ ပုဏ္ဏားမကြီး က ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီးမမြင်အောင် ပြလေ၏။ ပုဏ္ဏားကြီးသိလေသော် မြတ်စွာဘုရားထံချဉ်းကပ်ပြီး၊ မိမိစားဆဲထမင်းသာလျင်ရှိပါ၏။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် လျှောက်ပတ်ပါမည်လော၊ လက်ခံနိုင်ပါမည်လောဟု လျှောက်၏။ မြတ်စွာဘုရားက ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီး ကျန်ကြွင်းသောဆွမ်းကိုလည်းကောင်း လှူရန်လျှောက်ပတ်၏။ အလှူခံ ရဟန်းပုဏ္ဏား တို့သည် လှူသောဆွမ်းကိုချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း မပြုသင့်ဟု ဟောကြားတော်မူ၏။

၂၄။ ဒေဝဒတ် သံဃာသင်းခွဲခန်း
ဒေဝဒတ်သည် မြတ်စွာဘုရားနှင့် စင်ပြိုင်ပြုလိုသောအကြံဖြင့် မြတ်စွာဘုရား ထံမှောက် သွားရောက်ကာ ရဟန်းများ သတ်သတ်လွတ်စားရန်၊ ပံသကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကိုတောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါများခြင်း အကျိုးငှာသာ ပြု၏ဟု ကဲ့ရဲ့၍ မိမိနှင့် သဘောတူသော ရဟန်းများကိုခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာသွားလေ၏။ ဤအကုသိုလ်ကြောင့် ဒေဝဒတ်သည် မြေမြိုခံရ လေသည်။

၂၅။ အဇာတသတ် ကန်တော့ခန်း
ခမည်းတော် ဗိမ္ဗိသာရမင်းကိုသတ်မိသော အဇာတသတ်၏ စိတ်သည် မတည်မငြိမ် ဖြစ်နေသည်။ မိမိ၏စိတ် အေးချမ်း တည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။ ဆရာဇီဝကသည် တန်ဆောင်းမုန်းလပြည့်ည တွင် ဆင်မယာဉ်သာ ၅၀၀ ကို မောင်းမ ၅၀၀ စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံ ပို့လေ၏။ ၁၂၅၀သောသံဃာတို့၏ အလယ်၌ရှိသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိတ်သတ်၏ ငြိမ်သက်မှုကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူလေ၏။

၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ကြည်ညိုတော် မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်းရှိမည် မဟုတ်ဟု ဝမ်းသာအားရ ချီးပလျှောက်ထားလေ၏။
မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ့်ကြောင့်ပြောရသနည်းဟု မေးမြန်းလေ ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံ သိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့်စကားဖြင့် လျှောက်ထားရခြင်း ဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။

၂၇။ အမ္ဗပါလီ၏ဆွမ်းပင့်လျှောက်ထားခန်း
မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် အမ္ဗပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆဝီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကို အသပြာပေး၍ ဝယ်ကြလေ၏။
အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆဝီမင်းများသည် မြတ်စွာဘုရားထံချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ ဆွမ်းကိုလက်ခံပြီးဖြစ်သည် ဟု မိန့်ကြားလျက် လိစ္ဆဝီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။

၂၈။ ပရိနိဗ္ဗာန်စံတော်မူခန်း
မြတ်စွာဘုရားသည် သက်တော် ၈၀၊ ဝါတော် ၄၅ ဝါတွင် အာယုသင်္ခါရ လွှတ်တော် မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံလျက် ကြွတော်မူရာ ဝမ်းတော်လားနေသော်လည်း ဝေဒနာကို သည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမဝစန နောက်ဆုံးစကား မိန့်ကြားတော် မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။
ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓါတ် လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို ရလိုမှုဖြင့် မင်းများက စစ်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓါတ်တော်များကို ညီမျှစွာ ခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓါတ်တော်ခြင်သောခွက်ကိုသာရလေ၏။

ပြခန်း(၁) ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲ ဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသော စကားကြုံးဝါး တော်မူ၏။

ပြခန်း(၁) ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲ ဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသော စကားကြုံးဝါး တော်မူ၏။

ပြခန်း(၂) ထီးနန်းစိုးစံတော်မူခန်း

ပြခန်း(၃) နိမိတ်ကြီးလေးပါး မြင်တော်မူခန်း

ပြခန်း(၄) တောထွက်တော်မူခန်း

ပြခန်း(၅) ဒုက္ကရစရိယာကျင့်တော်မူခန်း

ပြခန်း(၆) ဘုရားဖြစ်တော်မူခန်း

ပြခန်း(၇) ဓမ္မစကြာတရားဟောတော်မူခန်း

ပြခန်း(၈) ယဿသူဋ္ဌေးသားရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ ၏။ သူဌေးကြီးနှင့် သူဌေးကတော် နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများဖြစ်၏။

ပြခန်း(၉) ယသော်ဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီ စည်းစိမ်ခံစားနေစဉ် တစ်ညဉ့်သ၌ သန်းခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲ ပုံပျက် ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင် ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှထွက်၍ မိဂဒါဝုန်တောသို့ရောက်လာ၏။ မြတ်စွာ ဘုရားနှင့်တွေ့သဖြင့် တရားဟောသောကြောင့် သောတပန်ဖြစ်လေ၏။ သားပျောက် သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတပန်ဖြစ်လေ၏။
ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ ၏။ သူဌေးကြီးနှင့် သူဌေးကတော် နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများဖြစ်၏။

ပြခန်း(၁၀) ရောဟီဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရားဟောတော်မူခန်း

ပြခန်း(၁၁) ဘိက္ခုနီသာသနာခွင့်ပြုတော်မူခန်း
ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ဝန်ခံနိုင်လျှင် ပဉ္စင်းခံမှုဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။

ပြခန်း(၁၂) ခေမာမိဖုရားအား ဆုံးမတော်မူခန်း
ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက် သာလွန် လှပသော မိန်းမပျိုကို အံ့ဩစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏အဆင်း သည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့်ဖောက်ပြန် ပျက်စီးသွားလေသည်။ ခေမာ မိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေသည်။

ပြခန်း(၁၃) ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
မြတ်စွာဘုရား၏သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရ သောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှသပိတ်ကိုယူလေ သော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။

ပြခန်း(၁၄) အဘိဓမ္မာတရားဟောကြားတော်မူခန်း

ပြခန်း(၁၅) ပါလိလေယျကတော၌ တစ်ပါးတည်းစံပျော်တော်မူခန်း
မြတ်စွာဘုရားသည် သံဃာပရိတ်သတ်တို့ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုသဖြင့် ပါလိလေယျကတောသို့ ကြွရောက်သီတင်းသုံးစဉ် ပါလိလေယျက ဆင် နှင့် မျောက် တို့က ပြုစုကြလေသည်။

ပြခန်း(၁၆) သိင်္ဂါလသတိုးသားအား ဆုံးမတော်မူခန်း
(သိင်္ဂါလောဝါဒသုတ်သည် မြန်မာများ ကျင့်သုံးနေသော မိဘဝတ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)

ပြခန်း(၁၇) အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထို ခဲဖွယ်ဘောဇဉ်များသည် မည်သူ့ထံ၌ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်း ဖြေကြားသော မြတ်စွာဘုရားက သင်၏မယဉ်ကျေးသော ဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။

ပြခန်း(၁၈) ရှင်အာနန္ဒာ၏ပယ်လေးတန်၊ ပန်လေးပါး ဆုရှစ်ပါးတောင်းခံတော်မူခန်း

ပြခန်း(၁၉) ကာလာမသုတ် ဟောတော်မူခန်း

ပြခန်း(၂၀) ဂိလာနရဟန်းအားပြုစုတော်မူခန်း
ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကိုလုပ်ကျွေးပြုစုလိုသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။

ပြခန်း(၂၁) မာလုကျပုတ္တရဟန်းအားဆုံးမတော်မူခန်း

ပြခန်း(၂၂) မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း

ပြခန်း(၂၃) ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း

ပြခန်း(၂၄) ဒေဝဒတ် သံဃာသင်းခွဲခန်း

ပြခန်း(၂၅) အဇာတသတ် ကန်တော့ခန်း

ပြခန်း(၂၆) အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ့်ကြောင့်ပြောရသနည်းဟု မေးမြန်းလေ ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံ သိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့်စကားဖြင့် လျှောက်ထားရခြင်း ဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။

ပြခန်း(၂၇) အမ္ဗပါလီ၏ဆွမ်းပင့်လျှောက်ထားခန်း
အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆဝီမင်းများသည် မြတ်စွာဘုရားထံချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ ဆွမ်းကိုလက်ခံပြီးဖြစ်သည် ဟု မိန့်ကြားလျက် လိစ္ဆဝီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။

ပြခန်း(၂၈) ပရိနိဗ္ဗာန်စံတော်မူခန်း
ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓါတ် လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို ရလိုမှုဖြင့် မင်းများက စစ်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓါတ်တော်များကို ညီမျှစွာ ခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓါတ်တော်ခြင်သောခွက်ကိုသာရလေ၏။

နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ပန်းချီကားများ
တဏှာင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- စရည်းပင်) သာရမဏ္ဍကမ္ဘာဝယ် ပုပ္ပဝတီပြည်၌ ခမည်းတော် စုန္ဒမယ်တော် သုနန္ဒလ တို့မှ ဖွားမြင်တော်မူပြီး ဆင်ယာဉ်ဖြင့် ထွက်တော်မူကာ(၇)ရက်ကြာ ဒုက္ကရစရိယ ကျင့်တော်မူပြီးနောက် စရည်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
သရဏင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- ပေါက်ပင်) သာရမဏ္ဍကမ္ဘာဝယ် မေဃလပြည်၌ ခမည်းတော် သုဒေဝ မယ်တော်ယသောဓရာ တို့မှ ဖွားမြင်တော်မူပြီး ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၁၅)ရက်ကြာ ဒုက္ကရစရိယကျင့်တော်မူပြီးနောက် ပေါက်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
မေဓင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- သခွတ်ပင်) သာရမဏ္ဍကမ္ဘာဝယ် ပိပူလပြည်၌ ခမည်းတော် သုမင်္ဂလ၊ မယ်တော်ယသဝတီတို့မှ ဖွားမြင်တော်မူပြီး မြင်းယာဉ်နှင့် တောထွက်တော်မူ ကာလခွဲကြာ ဒုက္ကရစရိယကျင့်တော်မူပြီးနောက် သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
ဒီပင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ညောင်ကြက်ပင်)အလောင်းတော်သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရားကြွရာ လမ်းပြုပြင်ရာဝယ် ကိုယ်ကိုတံတားခင်း၍ လှူဒါန်း၏ ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ကောဏ္ဍညမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – နပဲပင်) အလောင်းတော် ဝိဇိတာဝီစင်္ကြာမင်းသည် ကောဏ္ဍညမြတ်စွာဘုရား သီတင်းသုံးရန် ကျောင်းတော်ကို စီမံ၍ ဆွမ်းအစရှိသော အလှူကြီးပေး၏ ကောဏ္ဍညမြတ်စွာဘုရားသည် အလောင်းတော်ဝိဇိတာဝီစင်္ကြာမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
Благословенный Будда
(Цветущее дерево Бодхи) Почтенный брахман Суруси построил большой павильон, полный драгоценностей, и раздавал милостыню преданным, возглавляемым Благословенным, в течение семи (7) дней. Благословенный предсказал почтенному брахману Суруси, что в будущем он станет Гаутамой Буддой.
Будда Сумана
(Цветущее дерево Бодхи – Дерево Кандакав) Царь Нагов, Имитатор Дракона, преподнес Благословенному Сумане божественные орудия, а также предложил ему еду и питье. Благословенный Сумана предсказал, что Имитатор Дракона в будущем станет Буддой Готамой.
Будда Вод
(Цветущее дерево Бодхи – Кандакав) Почтенный брахман Атидева восхвалял заслуги почтенного Реваки тысячей стихов и пожертвовал одежду стоимостью десять тысяч рупий. Затем почтенный Ревака предсказал, что почтенный брахман Атидева в будущем станет Гаутамой Буддой.
Благословенный, Собхита
(Цветущее дерево Бодхи – Кандакав) Брахман Суджата сделал крупное пожертвование монахам во главе с Благословенным Собхитой во время трехмесячного Великого поста. Благословенный Собхита предсказал брахману Суджате, что в будущем он станет Буддой Готамой.
Благословенный, Аномадаши
(Дерево Бодхи — дерево-опора) Демон-генерал Алаунгдава семь дней раздавал милостыню монахам во главе с Благословенным Аномадаши в павильоне, украшенном семью драгоценными камнями. Благословенный Аномадаши предсказал демону-генералу Алаунгдаве, что в будущем он станет Буддой Готамой.
Будда Падума
(Цветущее дерево Бодхи) Царь мертвых Лев был глубоко предан Будде Падуме, который вошел в Ниродха Самабху на семь (7) дней. Он также уважал монахов. Будда Падума предсказал царю львов, что в будущем он станет Гаутамой Буддой.
Будда Нарада
(Цветущее дерево Бодхи — дерево кошачий глаз) Отшельник Алаунгдава преподнес большое милостыню монахам во главе с Буддой Нарадой. Он привёз из Гималаев благовония из красного сандалового дерева и преподнёс их в дар. Будда Нарада предсказал аскету Алаунгдаве, что в будущем он станет Гаутамой Буддой.
Будда Падумуттара
(Цветущая сосна) Богатый Алангудау Джатила раздал милостыню — еду и большие одежды — монахам во главе с благословенным Падумуттарой. Благословенный Падумуттара предсказал богатому Алангудау Джатиле, что в будущем он станет Буддой Готамой.
Будда Сумедха
(Цветущее дерево Бодхи — великое тамарисковое дерево) Молодой человек, получивший тело Будды, пожертвовал накопленное им богатство монахам во главе с Буддой Сумедхой и принял его в монахи. Будда Сумедха предсказал, что молодой человек, получивший тело Будды, в будущем станет Гаутамой Буддой.
Будда Суджата
(Цветущее дерево Бодхи — бамбук Кьякхат) Король Алаунгдава Сангкура посвящал монахов в монахи, пожертвовав им семь драгоценностей и королевский трон во главе с Буддой Суджатой. Будда Суджата предсказал царю Шанкаре, что в будущем он станет Гаутамой Буддой.
Благословенный, Пиядаши
(Дерево Бодхи цветет.) Молодой брахман Кассапа построил и пожертвовал очень хороший монастырь. Он соблюдает пять заповедей вместе с тремя драгоценностями. Будда Пиядасси предсказал молодому человеку Алаунгдаве Пассапе, что в будущем он станет Буддой Готамой.
Аттадастхи Будда
(Дерево Бодхи — Слово Божье) Брахман Сутима, раздав своё богатство бедным, стал отшельником. Аскет Сутима преподнес Будде Аттадастхи в дар цветок лотоса и цветы облепихи, которые находились на небесах. Будда Аттадастхи предсказал аскету Сутиме, что в будущем он станет Буддой Готамой.
Благословенный, Будда
(Цветущее дерево Бодхи — золотое дерево) Царь тела в сопровождении всех божеств преподнес Будде Дхаммадасси благоухающие цветы и различные инструменты. Будда Дхаммадасси предсказал королю Алаунгдаве Сакье, что в будущем он станет Буддой Готамой.
Будда Сиддхартха
(Цветущее дерево Бодхи – Великая Лестница) Брахман Мангала раздал свое богатство бедным и стал отшельником. С помощью медитации он приносил милостыню. Будда Сиддхартха предсказал отшельнику Мангале, что в будущем он станет Гаутамой Буддой.
Будда Тисса
(Цветущее дерево Бодхи) Царь Суджата, отказавшись от своего царского богатства, использовал свою власть, чтобы принести цветы из дома аскета и преподнести их Будде. С помощью зонта-падмы он подсыпал дождь в голову Будды. Будда Тисса предсказал Суджате, что в будущем он станет Гаутамой Буддой.
Будда Пхусса
(Цветущее дерево Бодхи) Король Виджитави, сделав крупное пожертвование, отказался от своего трона и богатства и стал монахом. Будда Пхусса предсказал монаху Виджитави, что в будущем он станет Буддой Готамой.
Випассана Будда
(Цветущее дерево Бодхи) Лжецарь, царь Нагов, построил большой дворец и пригласил монахов во главе с Буддой Випасси остаться там на семь дней, одарив их щедрыми дарами. Будда Випасси, вместе со своим телом, предсказал царю демонов, что в будущем он станет Буддой Готамой.
Сикхский Будда
(Цветущее дерево Бодхи — белый лотос) Царь Ариндама преподнес почтенным монахам во главе с сикхским Буддой украшенного слона и другие ценные предметы. Сикхский Будда предсказал царю Ариндаму, что в будущем он станет Гаутамой Буддой.
Будда Вессабху
(Цветущее дерево Бодхи) Царь Судассана пожертвовал монастырь Гандхакути для проживания Будды Вессабху и тысячу монастырей для монахов, а также посвятил его в монахи. Благословенный Вессабху предсказал почтенному монаху Судессане, что в будущем он станет Буддой Готамой.
Buddha Kakusanda
(Дерево Бодхи цветет.) Король Алаунгдав Кема пожертвовал чаши, одеяния и лекарства монахам во главе с Благословенным Какусандхой и посвятил их в монахи. Благословенный Какусанда предсказал монаху Кеме, что в будущем он станет Буддой Готамой.
Будда Конагамана
(Цветущее дерево Бодхи – Фикус водяной) Царь Алаунгдава Саббата провел все три месяца Великого поста, заботясь о Будде Конагамане и его учениках и даря им ценную одежду, такую как шелк и шелковая ткань. Будда Конагамана предсказал царю Алаунгатаве Саббате, что в будущем он станет царем Готамой.
Будда Кассапа
(Цветущее дерево Бодхи) Молодой человек Алаунгатава Джотипала, услышав Дхамму Благословенного Кассапы, стал монахом и изучил всю Дхарму Париятти. Благословенный Кассапа предсказал монаху Джотипале, что в будущем он станет Буддой Готамой.
Гаутама Будда
(Цветущее дерево Бодхи – Ньяунгбуддхахе) Сын Будды, Сиддхартха, родился в стране Кавилавутта, а его отец, царь Суддходана, Он родился у своей матери, королевы Шри Махамайи Деви. Чаника сел в свою колесницу и отправился в лес. После шести лет практики Дуккарасарийи он достиг состояния Будды у подножия дерева Махабодхи.
