ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂ဝ၂၄ -၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းကို ၁၈ -၁၁-၂ဝ၂၄ ရက်နေ့မှ ၃၁-၃-၂ဝ၂၅ ရက်နေ့အထိ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါ၍ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူမင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ် မေလ ၁၅ ရက် (ကြာသပတေးနေ့)၊ ၁၃၈၇ ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်၊ နံနက် (၀၇၃၀) အချိန်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက် ရာဟုထောင့် အောင်မြေနေရာရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၁ – ၃ – ၂ဝ၁၉ ရက်နေ့မှ ၃၁- ၃ – ၂ဝ၂၅ ရက်နေ့အထိ သဒ္ဓါတရားထက်သန်စွာ ကုသိုလ်ပါဝင် လှူဒါန်းခဲ့ကြသည့် ရွှေသင်္ကန်းတော် အလှူရှင်များအနေဖြင့် ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေနိုင်ရန်အတွက် အခမ်းအနားသို့ တက်ရောက်နိုင်ပါရန် ဂါရဝတရားဖြင့် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Dec 23, 2024 | Announcement

Related News
ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို...

read more
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

၂၀၂၅ ဇန်နဝါရီလ ၁၉ ရက် ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ...

read more
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန်...

read more