ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Apr 10, 2024 | News

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၄၃၀ နာရီအချိန်တွင် အောက်ပစ္စယာ အနောက်မြောက်ဘက်ရှိ မဟာဗုဒ္ဓဝင်ပြခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကြပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာဓမ္မစကူး(လ်)ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တသိရီကဉ္ဇန က သင်တန်းအောင်မြင်ပြီးမြောက်မှုအတွက် ဝမ်းမြောက်အနုမောဒနာစကားမြွက်ကြားခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးသောင်းဝင်းကသင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်းစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာများကိုယ်စား သင်တန်းနည်းပြ ဒေါ်နန်းယဉ်မင်း‌ရွှေက သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင် များပေးအပ်ခြင်း၊ အခြေခံယဉ်ကျေးလိမ္မာသင်တန်းအကြီးတန်းအဆင့်၊ တတိယတန်း၊ဒုတိယတန်းတို့တွင်ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀အသီးသီးချိီးမြှင့်ခြင်း၊ အငယ်တန်းအဆင့်တွင် ဆုရရှိသည့် ဝန်ထမ်းသားသမီးများအား ပထမဆုကျပ် ၄၀၀၀၀၊ ဒုတိယဆုကျပ် ၃၀၀၀၀၊ တတိယဆုကျပ် ၂၀၀၀၀ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ ရန်ကုန် -ဇူလိုင်( ၉ )...

read more
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more