ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီများ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့်ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကျင်းပ

May 1, 2024 | News

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ( ၂၄)ဆူ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းမဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့်ရေစက်ချအနုမောဒနာ မင်္ဂလာခမ်းအနားကိုယနေ့ နံနက်ပိုင်းမှစတင်၍သက်မှတ်နေရာများ၌ကျင်းပသည်။

ဦးစွာရွှေတိဂုံစေတီတော် ထီးတော်ရုံတန်ဆောင်း၌ရန်ကုန်တိုင်းဒေသကြီးဝန်ကြီချုပ် ဦးစိုးသိန်း၊သာသနာရေးနှင့်ယဥ်ကျေးမှု၀န်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက သြဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ(၂၄)ဆူအားဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းအခမ်းအနားကို နောင်တော်ကြီးစေတီအထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးက ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ကြသည်။

ယင်းနောက် ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကိုချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းဝင်းက ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကို ဖတ်ကြား လျှောက်ထားသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္စျာယ်သည့် ပရိတ်တရားတော်များ နာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးထွန်း၊တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့၀င်များက သြဝါဒါစရိယဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ၀န်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရထံမှလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်​သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီနှင့်အရံစေတီ ၂၄ ဆူအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ် နို၀င်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၅ ဧပြီ ၁၇ ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း...

read more