ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

Apr 17, 2024 | 12 month seasonal festival, News

ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့ အခမ်းအနားကို ၁၇-၄-၂၀၂၄ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပခဲ့ရာ နံနက် ၅:၃၀ အရုဏ်တက်အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ နံနက် ၆း၀၀ နာရီအချိန်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နံနက် ၆း၃၀ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်နှင့် ရေစက်ချအနုမာဒနာအခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦး‌သောင်းဝင်းက အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့ပြီးနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားခဲ့ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နှစ်သစ်အချိန်အခါသမယတွင် ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချအနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဆက်လက်၍ ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင်ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက တက်ရောက်ကြပြီး ကန်တော်အတွင်းသို့ ငါးများ ဘေးမဲ့သက်လွှတ်ခြင်း၊ ငါးစာကျွေးခြင်းစသည့် နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်‌ကောင်းမှုများဆောင်ရွက်ခဲ့ကြသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ ရန်ကုန် -ဇူလိုင်( ၉ )...

read more
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more