ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသံဃာတော် (၅၅၅၅) ပါးတို့အားပစ္စည်းလေးပါးလှူဒါန်းခြင်းနှင့် သံဃဒါနဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကျင်းပ

May 1, 2024 | News

သာသနာနှစ် ၂၅၆၈၊ ကောဇာသက္ကရာဇ် ၁၃၈၆-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၀)ရက်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၊ စနေနေ့၊ နံနက် ၀၆၃၀ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသံဃာတော် (၅၅၅၅) ပါးတို့အားပစ္စည်းလေးပါးလှူဒါန်းခြင်းနှင့် သံဃဒါနဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကျင်းပခဲ့ရာအခမ်းအနားသို့ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ် ၄၄ မြို့နယ်မှ သံဃာတော်အရှင်သူမြတ် (၅၅၅၅)ပါးတို့ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဗီယက်နမ်လူမျိုးအလှူရှင်များ၊ ဗုဒ္ဓ‌ဝေယျာဝစ္စ အကျိုးဆောင် အသင်းများနှင့် ရုံးဝန်ထမ်းများက တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သံလျင်မြို့နယ်၊ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအရှင်သူမြတ်ထံမှ ကြွရောက်လာသောအလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ကငါးပါးသီလခံယူဆောက်တည်ခြင်း၊ နံနက် ၀၆၄၀ နာရီတွင် ဆရာတော်၊သံဃာတော် အရှင်သူမြတ်တို့ကပရိတ်တရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်ခြင်း၊ ထို့နောက် ၀၆၄၅ နာရီတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အားလှူဖွယ် ဝတ္ထုပစ္စည်းများဆပ်ကပ် လှူဒါန်းခြင်း၊ နံနက် ၀၇၀၀ နာရီတွင် တိပိဋကဓမ္မဘဏ္ဍဂါရိက၊ ဘဒ္ဒန္တဣန္ဒပါလ(ရမ္မာဝတီ) ဆရာတော် အရှင်သူမြတ်ထံမှ ဝမ်းမြောက်သာရဏီယကထာနာယူခြင်း၊ဗီယက်နမ် ရဟန်းတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိကကျေးဇူးတင် ဝမ်းမြောက်စကား လျှောက်ထားခြင်း၊ နံနက် ၀၇၁၅ နာရီတွင် ဆရာတော်ကြီးများကဗီယက်နမ် အလှူရှင်များကိုဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တသီလဂုဏကဝမ်းမြောက် ဩဝါဒစကားမိန့်ကြားခြင်း၊ နံနက် ၀၇၂၅ နာရီတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသအရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီးနောက် ၀၇၄၅ နာရီတွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ရင်ပြင်တော်ပေါ်တွင် သံဃာတော် (၅၅၅၅)ပါးတို့အားဗီယက်နမ်နိုင်ငံမှ အလှူရှင်များကပစ္စည်းလေးပါးနှင့် သံဃဒါနဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကိုဆက်လက် ကျင်းပခဲ့ရာအလှူရှင်များမှ သံဃာတော်အရှင်သူမြတ်တို့အားစေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဝမ်းမြောက်ဝမ်းသာလှူဒါန်းခဲ့ပြီး နံနက် ၀၉၀၀နာရီခန့်တွင် အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၅ ဧပြီ ၁၇ ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း...

read more