၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

Jun 11, 2024 | News

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ကျင်းပသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် သင်ကြားစီမံပါမောက္ခ ဌာနမှူး၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာပဏ္ဍိတ၊သ-စ-အ ဓမ္မာစရိယ ဒေါပုံသာသနဝံသကျောင်း၊ပဓာနနာယကဆရာတော် ဘဒ္ဒန္တ မာနိတာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီးဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျ က ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာစကား လျှောက်ထားသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါးတို့၏ ထေရုပ္ပတ္တိအကျဉ်းကို အခမ်းအနားမှူးက ဖတ်ကြားလျှောက်ထားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တမာနိတာဘိဝံသ ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခဌာနမှူး ဆရာတော်၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာရဒါဘိဝံသ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဩဘာသာဘိဝံသ၊ ဥက္ကလာ သီရိကျောင်းတိုက် ပဓာနနာယကဆရာတော်တို့အား ဘွဲ့တံဆိပ်တော် နှင့်လှူဘွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ရေးသားပူဇော်သည့် သုတ္တန်ပါဠိတော်များ စာအုပ်အတွက် အလှူရှင်(၃)ဦးတို့က အုပ်ရေ (၅၀၀)လျှင် ကျသင့်ငွေ ကျပ် ၁၃၅၀၀၀၀/-အား အသီးသီးလှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊တိပိဋကဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊သ, စ. အဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူ၊စေတိယင်္ဂဏပဝရသိရီ မဟာဓမ္မဂုရု၊ ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီးဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းလိုက်သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၅ ဧပြီ ၁၇ ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း...

read more