လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း

လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းမဟာကုသိုလ်တော်အောင်ပွဲ

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်များနှင့် မြန်မာနိုင်ငံ၏ အထွဋ်အမြတ် ဂုဏ်ကျက်သရေဆောင် စေတီတော်တစ်ဆူဖြစ်ပါသည်။ စေတီတော်ကြီးအား အစဉ်အမြဲ ရွှေရောင်အဆင်းဖြင့် တင့်တယ်သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်စေရန် ရွှေသင်္ကန်းတော်ကပ်လှူခြင်းအား ၁၉၈၀ ခုနှစ်မှ စတင်၍ (၅)နှစ်လျှင်တစ်ကြိမ် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ယခုအကြိမ်တွင်လည်း ရွှေပြားသင်္ကန်းတော် ကပ်လှူခြင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနစ် မေလကုန်အထိ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည်။