အသေးစိတ်အချက်အလက်များ

ပန်းရန်ပညာဆိုသည်မှာ ပျူခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ပညာရပ်ဖြစ်ပါသည်။ အဆောက်အဦများ တည်ဆောက်ရာတွင် အခြေခံ ဖြစ်သော အုတ်များကို အင်္ဂတေဖြင့်တွဲကပ်စေသော ပညာရပ် ဖြစ်ပါသည်။ ပုဂံဘုရားများကို လေ့လာခြင်းဖြင့်မြန်မာတို့၏ ပန်းရန်ပညာကို လေ့လာသိရှိနိုင်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်မှ အောက်ခြေ ရှစ်မြှောင့်ပစ္စယာထိအား အချိုးအစား ပြေပြစ်သေသပ်လှပစွာ ရှေးခေတ် ပန်းရန်ပညာဖြင့် တည်ဆောက်ထားသည်မှာ ကမ္ဘာ့ဗိသုကာပညာရှင်များ ချီးကျူးအတုယူဘွယ်ဖြစ်ပါသည်။
စေတီတော်မြတ်ကြီး၏ ပတ်လည်တွင် အရံစေတီများ၊ ထောင့်နေရာများတွင် စိန်တောင်ကြီးများ၊ ဆီမီးခုံစေတီများ၊ အုတ်ပြာသာဒ်စေတီများ၊ မြေစိုက်စေတီများပတ်ရံကာ တည်ဆောက်ပူဇော်ထားပြီး စေတီတော်မြတ်ကြီးအပါအဝင် ကုန်းတော်ကြံ့ခိုင်ရေးတို့အတွက် မဟာရံတံတိုင်းကြီးလေးထပ်ဖြင့် ကာရံထားသည်မှာ ပန်းရန်ပညာရပ်များပင် ဖြစ်ပါသည်။ ထို့အပြင်ရင်ပြင်တော်ပေါ်ရှိ သာသနိကအဆောက်အဦများ၊ စေတီများ၊ အုတ်ပြာသာဒ်များ၊ စောင်းတန်းများ၊ တန်ဆောင်းများ စသည်တို့သည် ပန်းရန်ပညာဖြင့် တည်ဆောက်ထားပါသည်။