အသေးစိတ်အချက်အလက်များ


တန်ဆောင်းအမည်
ထီးတော်ရုံတန်ဆောင်း (စေတိယင်္ဂဏအသင်းတန်ဆောင်း)
တည်နေရာ
မြောက်ဘက်မုခ် ဆံတော်တွင်းတန်ဆောင်းအနီး
Category
Pavilions | Places to visit
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အောင်မြေအနီးရှိ တန်ဆောင်းဖြစ်ပါသည်။ စတင်တည်ဆောက် ခဲ့သည့်ခုနှစ် မသိရှိရပါ။ ဒေါ်ဖွားဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၂၈-၁၀-၁၈၇၁ ရက်နေ့တွင် မင်းတုန်းမင်းကြီး တင်လှူသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ထီးတော်အသစ်အား ယာယီအပူဇော်ခံထားရှိခြင်း၊ ၁၉၉၉ခုနှစ် ထီးတော်အသစ် တင်လှူစဉ် ကာလတွင် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော် မူလထီးတော်ကြီးအား ယာယီထားရှိရာနေရာ ဖြစ်ခြင်းတို့ကြောင့် ထီးတော်ရုံတန်ဆောင်းဟု အမည်တွင်ပါသည်။ ယခင်က စေတိယင်္ဂဏပရိယတ္တိစာပြန်ပွဲကျင်းပသည့် စေတိယင်္ဂဏ အသင်းတည်ရှိခဲ့ရာ တန်ဆောင်းဖြစ်သောကြောင့် စေတိယင်္ဂဏအသင်းတန်ဆောင်းဟုလည်း ခေါ်တွင်ပါသည်။ ၂၀၀၈တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ ထုပိကာမှအထက် တွဲလဲကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည် ပြုပြင် မွမ်းမံခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ကြမ်းခင်းပေါလစ် တိုက်ခြင်း၊ ၂၀၁၉ ခုနှစ်တွင် တန်ဆောင်းအတွင်းရှိ ရုပ်ပွား၊ ပလ္လင်၊ တံကဲပန်းများနှင့် တိုင်ခါးစည်းများ ရွှေသင်္ကန်းတော်ကပ်လှူခြင်း၊ ၂၀၂၃ ခုနှစ်တွင် ဆေးသုတ် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။