ပတ္တမြားမျက်ရှင်ဘုရား

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ပတ္တမြားမျက်ရှင်ဘုရား

တည်နေရာ

အထက်ပစ္စယံ

Category

ဖူးမြော်ရန်နေရာများ | ဘုရားစေတီများ | အံဖွယ်(၉)ပါး

ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ တစ်ဆူတည်းသော ရုပ်ပွားတော်မြတ်ဖြစ်သည်။ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်ကို မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ တနင်္ဂနွေနေ့ (၁.၁၀.၁၇၉၂)ရက်နေ့တွင် ထွက်ရပ်ပေါက်ဝိဇ္ဇာ ဘိုးဘိုးအောင်က တည်ခဲ့သည်ဟုဆိုသည်။
အထက်ပစ္စယာရုပ်ပွားတော်သည် တောင်းဆုပြည့်လွန်းသဖြင့် သက်ဦးဆံပိုင်ဘုရင်စနစ်ကာလက နန်းတွင်းပုန်ကန်မှုဖြစ်မည်စိုး၍ မင်းညီမင်းသားများဖူးခွင့်ကို ရှင်ဘုရင်က ပိတ်ပင်ခဲ့ဖူးသည်ဟု အဆိုရှိ သည်။
အထက်ပစ္စယာရုပ်ပွားတော်ကြီးကို မဟာဆီ၊ မဟာသွေးဖြင့် ကြိတ်နယ်ရသော ဆေးရိုးကြီးဖြင့် ပြုလုပ်ထား၍ တစ်မိုက်ခန့်ရှိသော ဆင်းတုငယ်ကို ဘိုးဘိုးအောင်က ကိုယ်တိုင်ဌာပနာ၍ တည်ထားတော်မူသောကြောင့် ဆေးရိုးကြီးဘုရားဟုလည်းခေါ်သည်။ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်၏ နဖူးတည့်တည့်တွင် ပတ္တမြားမျက်ရှင်ထည့်သွင်းပူဇော်ထားသဖြင့် ဆုတောင်းပြည့်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
အထက်ပစ္စယာရုပ်ပွားတော်ကြီးကို
( ၁ ) ပတ္တမြားမျက်ရှင်ဘုရားကြီး
( ၂ ) ဆေးရိုးကြီးဘုရားကြီး
( ၃ ) တစ်ဝဂူဆုတောင်းပြည့်ဘုရားကြီး စသည့် ဘွဲ့တော်အမျိုးမျိုးဖြင့် သမုခ်ခေါ်တွင်ကြသည်။
အထက်ပစ္စယာဘုရားကြီးသို့ အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသားဗုဒ္ဓဘာသာဝင်အမျိုးသားများသာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုထားသည်။
တက်ရောက်ခွင့်မရသော အမျိုးသမီးများနှင့် အခြားဘုရားဖူးများ ဖူးမြော်နိုင်ရန် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်အရပ်လေးမျက်နှာရှိ အာရုံခံတန်ဆောင်းများတွင် ရုပ်မြင်သံကြားစက်ကြီးများဖြင့် ပူဇော်နိုင်ရန်စီစဉ်ပေးထားသည်။