ပန်းယွန်းပညာ

Details

ပန်းယွန်းပညာသည် အင်းဝခေတ်အလွန် ကုန်းဘောင်ခေတ်အတွင်း၌ တိုးတက်ဖွံ့ဖြိုးလာခဲ့သော ပညာရပ်ဖြစ်ပါသည်။ အထူးသဖြင့် ထီးသုံးနန်းသုံးပစ္စည်းများမှာ ယွန်းထည်များဖြစ်ပါသည်။ ပန်းယွန်းပညာကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည် –
(က) ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)
ဥပမာ လင်ပန်း၊ ခွက်၊ ပန်းခြင်း၊ ပန်းကန်၊ ရေခွက်နှင့် ကွမ်းအစ်များစသည်
( ခ) ယွန်းထည်ရိုးရိုး (ဆေးသွင်းယွန်းထည်)
ဥပမာ- စားပွဲ၊ စင်၊ ထိုင်ခုံ၊ အိုးခွက်၊ ပန်းခြင်း၊ ပန်းတင်ဘန်း၊ နံရံအလှဆင်ရတနာ ကြုတ်ဘူး၊ စောင်းတူရိယာ၊ သေတ္တာ၊ လက်ကောက်စသည်
( ဂ ) ရွှေဇဝါယွန်း (ရွှေသွင်းယွန်းထည်)
(ဃ) သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)
( င) မှန်စီရွှေချ (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)
( စ) မှန်ဖရာ့ (သို့မဟုတ်) နှီးဖရာ့ (ယွန်းချောက်ထည်)
(ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးစသည့်တို့အတွက် ခြယ်သပူဇော်
ရန် အသုံးပြုခြင်းကြောင့် ယွန်းအခြောက်ထည်များဖြစ်လာရပါသည်၊ ဥပမာ-နှီးဘုရားစသည်)