ရွှေတိဂုံစေတီတော်တွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြို၂၄နာရီအသံမစဲမေတ္တာပို့သပွဲကျင်းပ

Sep 10, 2024 | 12 month seasonal festival, News

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြို ၂၄နာရီအသံမစဲမေတ္တာပို့သပွဲကို ယနေ့ ၀၆၃၀နါရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ပြီး ဝါခေါင်လပြည့်နေ့ မနက်အထိ ၂၄နာရီ အသံမစဲမေတ္တာပို့သပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ

နှင့် ဝန်ထမ်းများမှအလှည့်ကျဆုတောင်းမေတ္တာပို့သကြမှာဖြစ်ပါသည်။

ဝါခေါင်လပြည့်နေ့ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းတွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဆွမ်းတော်ကြီးတင်အခမ်းအနား၊ မနက် ၆ နာရီတွင် အသံမစဲ မေတ္တာပို့သ အောင်ပွဲအခမ်း အနားနှင့် မနက် ၇ နာရီတွင် ပန်းပေါင်း ၈၄၀၀၀ ပူဇော်ထားသော ပန်းစေတီငါးဆူကို အာရုံခံမုခ်ဦးဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်တို့အား လှည့်လည် ကပ်လှူပူဇော်ခြင်း၊ မနက် ၉၃၀နါရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သြဝါဒါစရိယဆရာတော်ကြီးထံမှသီလခံယူ ဆောက် တည်​​​ခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး​ဝေခြင်း၊သံဃာတော်အရှင်သူမြတ်များနဲ့ဥပုသ်သည်များကိုနေ့ဆွမ်းဆက်ကပ်​ခြင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဘုရားဖူးအများ​​ပြည်သူများကြည်ညိုသဒ္ဓါပွားစေခြင်းငှာ ဖော်ပြအပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...

read more
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

read more
ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၅ ဧပြီ ၁၇ ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း...

read more