ရွှေတိဂုံစေတီတော်တွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြို၂၄နာရီအသံမစဲမေတ္တာပို့သပွဲကျင်းပ

9 月 10, 2024 | 12 month seasonal festival, News

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြို ၂၄နာရီအသံမစဲမေတ္တာပို့သပွဲကို ယနေ့ ၀၆၃၀နါရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ပြီး ဝါခေါင်လပြည့်နေ့ မနက်အထိ ၂၄နာရီ အသံမစဲမေတ္တာပို့သပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ

နှင့် ဝန်ထမ်းများမှအလှည့်ကျဆုတောင်းမေတ္တာပို့သကြမှာဖြစ်ပါသည်။

ဝါခေါင်လပြည့်နေ့ မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော် ဧည့်ခံတန်ဆောင်းတွင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်ဆွမ်းတော်ကြီးတင်အခမ်းအနား၊ မနက် ၆ နာရီတွင် အသံမစဲ မေတ္တာပို့သ အောင်ပွဲအခမ်း အနားနှင့် မနက် ၇ နာရီတွင် ပန်းပေါင်း ၈၄၀၀၀ ပူဇော်ထားသော ပန်းစေတီငါးဆူကို အာရုံခံမုခ်ဦးဘုရားလေးဆူနှင့် ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်တို့အား လှည့်လည် ကပ်လှူပူဇော်ခြင်း၊ မနက် ၉၃၀နါရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သြဝါဒါစရိယဆရာတော်ကြီးထံမှသီလခံယူ ဆောက် တည်​​​ခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေး​ဝေခြင်း၊သံဃာတော်အရှင်သူမြတ်များနဲ့ဥပုသ်သည်များကိုနေ့ဆွမ်းဆက်ကပ်​ခြင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဘုရားဖူးအများ​​ပြည်သူများကြည်ညိုသဒ္ဓါပွားစေခြင်းငှာ ဖော်ပြအပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

了解更多
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

了解更多
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

了解更多