Maha Buddha Exhibition Hall

Location
Opening Date
ဂေါတမမြတ်စွာဘုရားရှင်၏ ဗုဒ္ဓဝင်ဖြစ်စဉ်အကျဉ်း

- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၁ မှ ၁၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၁၁ မှ ၂၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၂၁ မှ ၃၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၃၁ မှ ၄၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၄၁ မှ ၅၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၅၁ မှ ၆၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၆၁ မှ ၇၀
- ဗုဒ္ဓဝင်ဖြစ်အကျဉ်း ၇၁ မှ ၈၁
၁။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရှင်ရသေ့ဘဝ။
၂။ ဗျာဒိတ်ပေးသောဘုရားရှင် = ဒီပင်္ကရာမြတ်စွာဘုရား။
၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့။
၄။ သုမေဓာရှင်ရသေ့၏ မွေးဖွားရာဒေသ = အမရဝတီတိုင်းပြည်။
၅။ ဗျာဒိတ်ခံယူသောဒေသ = ရမ္မမြို့။
၆။ ပါရမီတော်၏ နောက်ဆုံးဘဝ = ဝေဿန္တရာမင်းကြီး။
၇။ စရိယ (အကျင့်) သုံးပါး = လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ။
၈။ ပါရမီဖြည့်ဖက် အမျိုးသမီး = သုမိတ္တာ။
၉။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း။
၁ဝ။ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက် = သတ္တဝါများ၏ ကောင်းကျိုးကို ဆောင်ရွက်ရန်။
၁၁။ ပါရမီ (၁ဝ) ပါး = ဒါန, သီလ၊ နေက္ခမ္မပါ၊ ပညာ, ဝီရိ, ခန္တီ, သစ္စာ၊ အဓိဋ္ဌာန, မေတ္တာ, ပေက္ခာ၊ ပါရမီ-ဆယ်လီမှတ်ကြရာ။
၁၂။ စွန့်ခြင်းကြီးငါးပါး = ဥစ္စာ၊ သားသမီး၊ ဇနီးတစ်ဖြာ၊ အင်္ဂါခြေလက်၊ ကိုယ့်အသက်၊ ပေးဆပ် စွန့်ခြင်းကြီး။
၁၃။ ဘုရားမဖြစ်မီ တစ်ဘဝ = တုသိတာနတ်ပြည်၌ သေတကေတုအမည်ရှိသော နတ်သားဖြစ်။
၁၄။ သန္ဓေယူသော နှစ်၊ လ၊ နေ့၊ အချိန် = မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၊ ညသန်းခေါင်ယံ။
၁၅။ ဘုရားလောင်း၏ တိုင်းပြည် = မဇ္ဈိမဒေသ၊ သက္ကတိုင်း၊ ကပိလဝတ်ပြည် (နီပေါ)။
၁၆။ ဘုရားလောင်းကို မွေးဖွားသည့်မြို့ = ကပိလဝတ်ပြည်နှင့် ဒေဝဒေဟပြည်အကြား။
၁၇။ မွေးဖွားရာဒေသ = လုမ္ဗိနီအင်ကြင်းဥယျာဉ်။
၁၈။ မွေးဖွားသည့် ခုနှစ်၊ လ၊ နေ့ = မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၁၉။ ဖွားဖက်တော် (၇)ဦး = အာ၊ ဗော၊ ကာ၊ ယ၊ ဆန်၊ ရွှေ၊ ကဏ်(ညီတော်အာနန္ဒာ၊ ဗောဓိပင်၊ ကာဠုဒါယီအမတ်၊ ယသော်ဓရာ၊ ဆန္ဒအမတ်၊ ရွှေအိုးကြီး ၄-လုံး၊ ကဏ္ဍကမြင်း)။
၂ဝ။ ဘုရားလောင်း၏မျိုးရိုး = သာကီဝင်မင်းမျိုး။
၂၁။ ဘုရားလောင်းအမည် = သိဒ္ဓတ္ထ (အကျိုးစီးပွားအားလုံးကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်သူ)။
၂၂။ ဘုရားလောင်း၏ ခမည်းတော်(ဖခင်) = ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီး။
၂၃။ ဘုရားလောင်း၏ မယ်တော် (မိခင်)= သီရိမဟာမာယာဒေဝီ။
၂၄။ မိထွေးတော် = မဟာပဇာပတိဂေါတမီ (သီရိမဟာမာယာဒေဝီ၏ ညီမ)။
၂၅။ ကြင်ယာတော် = ယသော်ဓရာ (ဘဒ္ဒကဉ္စနာဟုလည်း ခေါ်သည်)။
၂၆။ သားတော် = ရာဟုလာ။
၂၇။ မယ်တော်နတ်ရွာစံ (ကွယ်လွန်ရက်) = ဘုရားအလောင်းကို မွေးဖွားပြီးနောက် ၇-ရက်မြောက်နေ့။
၂၈။ ဘုရားလောင်းလက်ထပ်သည့်အရွယ် = အသက် (၁၆)နှစ် အရွယ်။
၂၉။ ယသော်ဓရာ၏ မိဘများ = ဒေဝဒဟပြည့်ရှင် ဘုရင် သုပ္ပဗုဒ္ဓနှင့် အမိတာဒေဝီ။
၃ဝ။ ဘုရားလောင်းနန်းစံနှစ်ပမာဏ = (၁၃) နှစ်ကြာ၊ (အသက် -၁၆နှစ်မှ ၂၉-နှစ်အထိ)။
၃၁။ စံနန်းသုံးဆောင် = ရမ္မ၊ သုဘ၊ သုရမ္မ (=ဆောင်း၊ မိုး၊ နွေစံ)။
၃၂။ နိမိတ်ကြီး ၄-ပါး = သူအို၊ သူနာ၊ သူသေ၊ ရဟန်း။
၃၃။ တောထွက်သောအရွယ် = (၂၉)နှစ် အရွယ်။
၃၄။ တောထွက်သည့်ခုနှစ် = မဟာသက္ကရာဇ် (၉၇)ခုနှစ်။
၃၅။ တောထွက်သည့် လ၊ နေ့၊ အချိန် = ဝါဆိုလပြည့်၊ တနင်္လာနေ့၊ ညသန်းခေါင်ယံအချိန်။
၃၆။ တောထွက်နိုင်ရန် ကူညီသူများ = ဖွားဖက်တော်၊ ဆန္ဒအမတ်နှင့် ကဏ္ဍကမြင်း။
၃၇။ တောမထွက်အောင် တားဆီးသောနတ် = မာရ်နတ် (နတ်အဖျက်သမား)။
၃၈။ ဘုရားလောင်းအား သင်္ကန်းလှူသူ = ဃဋိကာရဗြဟ္မာမင်း။
၃၉။ ဆံတော်ပယ်သည့်နေရာ = အနော်မာ သောင်ပြင်။
၄ဝ။ ဘုရားလောင်း၏ ဆံတော်ကိုခံယူသူ = သိကြားမင်း (ရတနာပန်းကလပ်ဖြင့် ခံယူသည်)။
၅၀။ ဘုရားလောင်းအား မြက်ရှစ်ဆုပ်လှူသူ = မြက်ရိတ်ပုဏ္ဏား သောတ္ထိယ (သွတ်ထိယ)။
၅၁။ ဘုရားဖြစ်ခါနီး လာနှောင့်ယှက်သူ = မာရ်နတ်။
၅၂။ ရရှိသောဉာဏ်တော်များ = ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုရသည်။ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကိုရသည်။ မိုးသောက်ယံ၌ အာသဝက္ခယဉာဏ်ကိုရသည်။
၅၃။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်။
၅၄။ ဘုရားဖြစ်သည့် ခုနှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ်။
၅၅။ ဘုရားဖြစ်သည့် လ၊ နေ့၊ အချိန် = ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ နံနက်အရုဏ်တက်ချိန်။
၅၆။ ဘုရားအဖြစ်သို့ ရောက်ရှိသောနေရာ = ဖွားဖက်တော် မဟာဗောဓိညောင်ပင်ရင်း အပရာဇိတ ရတနာပလ္လင်တော်။
၅၇။ ဘုရားရှင်ဘွဲ့တော် = ဂေါတမမြတ်စွာဘုရား။
၅၈။ ဘုရားပွင့်ရာသက်တမ်း = အနှစ် (၁ဝဝ) တမ်း။
၅၉။ တရားဦး ဓမ္မစကြာဟောသည့်နေရာ = ဗာရာဏသီပြည်၊ မိဂဒါဝုန်တော။
၆ဝ။ ဓမ္မစကြာဟောသည့် လ၊ နေ့၊ အချိန် = မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်၊ စနေနေ့၊ နေဝင်ခါနီးအချိန်။
၅၁။ ဘုရားဖြစ်ခါနီး လာနှောင့်ယှက်သူ = မာရ်နတ်။
၅၂။ ရရှိသောဉာဏ်တော်များ = ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကိုရသည်။ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကိုရသည်။ မိုးသောက်ယံ၌ အာသဝက္ခယဉာဏ်ကိုရသည်။
၅၃။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်။
၅၄။ ဘုရားဖြစ်သည့် ခုနှစ် = မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ်။
၅၅။ ဘုရားဖြစ်သည့် လ၊ နေ့၊ အချိန် = ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ နံနက်အရုဏ်တက်ချိန်။
၅၆။ ဘုရားအဖြစ်သို့ ရောက်ရှိသောနေရာ = ဖွားဖက်တော် မဟာဗောဓိညောင်ပင်ရင်း အပရာဇိတ ရတနာပလ္လင်တော်။
၅၇။ ဘုရားရှင်ဘွဲ့တော် = ဂေါတမမြတ်စွာဘုရား။
၅၈။ ဘုရားပွင့်ရာသက်တမ်း = အနှစ် (၁ဝဝ) တမ်း။
၅၉။ တရားဦး ဓမ္မစကြာဟောသည့်နေရာ = ဗာရာဏသီပြည်၊ မိဂဒါဝုန်တော။
၆ဝ။ ဓမ္မစကြာဟောသည့် လ၊ နေ့၊ အချိန် = မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်၊ စနေနေ့၊ နေဝင်ခါနီးအချိန်။
၆၁။ ဓမ္မစကြာတရားနာသူများ = လူသာများထဲမှ ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာများ။
၆၂။ ပဉ္စဝဂ္ဂီငါးဦး၏အမည် = အရှင်ကောဏ္ဍည (ကွန်ဒင်ည)၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ။
၆၃။ ပထမဆုံး သရဏဂုံ ၂-ပါးတည်သူ = ဥက္ကလာပဇနပုဒ်မှ (ယခုရန်ကုန်မြို့ဟု အချို့ယူဆကြသည်) တပုဿ(တပုတ်သ)နှင့် ဘလ္လိက (ဘန်လိက) ကုန်သည်ညီနောင် နှစ်ယောက်။
၆၄။ ၎င်းတို့အား ဘုရားရှင်ချီးမြှင့်သည့်အရာ = ဆံတော် (၈)ဆူ။
၆၅။ ဆံတော်ဌာပနာထားသည့်စေတီ = ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်။
၆၆။ ပထမဆုံး သရဏဂုံ ၃-ပါးတည်သူ = ယသ သတိုးသားနှင့် မိသားစု။
၆၇။ အောင်ခြင်း (၈)ပါး = မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂိရိဆင်၊ အင်္ဂုလိမာလလူဆိုး၊ စိဉ္စမာဏဝိကာ မိန်းမယုတ်၊ နန္ဒေါပနန္ဒနဂါးမင်း၊ ဗကဗြဟ္မာ၊ သစ္စကပရိဗိုဇ်။
၆၈။ ပထမနှင့် နောက်ဆုံးကျွတ်တမ်းဝင်သောသာဝက = အရှင်ကောဏ္ဍညနှင့် သုဘဒ္ဒပရိဗိုဇ် (သုဘတ်ဒပရိဘိုက်)။
၆၉။ လက်ျာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ။
၇ဝ။ လက်ဝဲရံ အဂ္ဂသာဝ = အရှင်မောဂ္ဂလ္လာန် (မောက်ဂန်လန်)။
၇၁။ အဆုံးအမ သာသနာ = ပရိယတ္တိ သာသနာ ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာ။
၇၂။ ကျင့်စဉ်သိက္ခာ = သီလ သိက္ခာ၊ သမာဓိ သိက္ခာ၊ ပညာ သိက္ခာ။
၇၃။ ဘုရားရှင်ချမှတ်သောလမ်းစဉ် = မဇ္ဈိမပဋိပဒါ (=အလယ်အလတ်) လမ်းစဉ်။
၇၄။ လောကအကျိုးသယ်ပိုးခဲ့သည့်နှစ်ပေါင်း = (၄၅)ဝါ၊ (၄၅)နှစ်။
၇၅။ ပရိနိဗ္ဗာန်စံချိန် သက်တော်၊ ဝါတော် = သက်တော် (၈ဝ)၊ ဝါတော် (၄၅)။
၇၆။ ပရိနိဗ္ဗာန်စံသော ခုနှစ်, လ, နေ့, အချိန် = မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့၊ နံနက် အရုဏ်တက်ခါနီးအချိန်။
၇၇။ ပရိနိဗ္ဗာန်စံသည့်နေရာ = ကုသိနာရုံပြည်၊ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်။
၇၈။ တေဇောဓာတ် လောင်တော်မူသောနှစ်,လ, ရက်, နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လဆုတ် (၁၂)ရက်၊ တနင်္ဂနွေနေ့။
၇၉။ ကြွင်းကျန်သည့်ဓာတ်တော်ပမာဏ = ရှစ်စိတ် (=၂တင်း)။
၈ဝ။ ဓာတ်တော်ကြွင်းကျန်ရစ်စေရန် ဘုရားရှင်ဓိဋ္ဌာန်ရသည့် ရည်ရွယ်ချက် = ဓာတ်တော်များကို ပူဇော်နိုင်ရန်နှင့် သတ္တဝါများ ချမ်းသာတိုးပွားအကျိုးများစေရန်။
၈၁။ ဘုရားရှင်၏နောက်ဆုံးအမှာစကား = ဖြစ်ပေါ်လာသော ရုပ်နာမ်မှန်သမျှ ပျက်စီးတတ်သောသဘောရှိသောကြောင့် အရာရာမှာ သတိဖြင့်နေကြ။

- Room (1)
- Room (2)
- Room (3)
- Room (4)
- Room (5)
- Room (6)
- Room (7)
- Room (8)
- Room (9)
- Room(10)
- Room (11)
- Room(12)
- Room(13)
- Room(14)
In the year 67 of the Maha Era, on a full moon Thursday of Waso, Queen Siri Maya Devi dreamt of a white elephant entering her right side, signifying the conception of Prince Siddhartha.
In the year 68 of the Maha Era, on a full moon Friday of Kason, Prince Siddhartha was born in the Lumbini Garden between the kingdoms of Kapilavastu and Devadaha. Upon his birth, he took seven steps to the north and declared, “I am the foremost in the world. I am the greatest in the world. I am the most honored in the world.”
When the future Buddha was sixteen, the Royal Father Suddhodana built for him Ramma, the Winter Palace, Suramma, the Summer Palace and Subha, the Rainy Season Palace and made him reside in these three palaces in turn to prevent him from going into reclusion.
The King married Prince Siddhattha, the future Buddha to Princess Yasodhara who was as exquisite as gold, and provided him a luxurious princely life enjoying the worldly pleasures of the five senses.
On the fullmoon day of Wazo, Great Era 96, as the future Buddha was going to the royal park in a coach drawn by four horses, he saw on the way an old man and he realized he too would have to grow old. On another occasion the future Buddha saw a sick man and he realized he too would be sick one day. On another occasion the future Buddha sighted adead man and he realized he too would have to die one day. On the next occasion he saw an ascetic and he felt that the practices and conduct of an ascetic would be of benefit to all living creatures and would lead to escape from existence. Prince Siddhattha, the future Buddha decided to renounce his Kingdom and
When the realization of the law of ageing, of sickness, and of death alarmed the future Buddha, he resolved to go into reclusion and live the life of an ascetic. At midnight on Monday, the fullmoon day of Wazo, Great Era 97, the future Buddha called his courtier Channa, mounted the royal horse Khantaka, and started out into reclusion. On arrival at the River Anoma, intending to go into reclusion alone, he handed over to Channa his royal robes and horse and sent him back to the capital City.
The future Buddha practised severe austerities in the woods of Uruvela. Intially, the future Buddha collected and ate alms-food. Later, he was austere in respect of food. He ate only one grain of rice, one grain of gram or a spoonful of boiled bean water. Because of the meagre nutrition he became thin, pale and weak. His head and face were shrunken like a tender gourd dried in the hot sun. His skin was dry and dark like that of a mangura fish or the back of a bed-bug. The body hair came away when he stroked his body with his palms. His ribs were like the deranged rafters of a dilapidated rest-house. His buttocks were shrivelled like the hoof of a camel. When he touched the skin of his belly it was his backbone that he got hold of. When he stood up he fell down. He aspired to gain omniscience and therefore practised such severe austerities for six years.
When the Buddha to be failed to gain omniscience after six years of severe austerities, he changed over to the middle way, practised inbreathing and out-breathing meditation and penetrated and abided in the fourth jhana or stage of absorption. For the strength to do this, he partook of a fair quantity of nourishment by collecting alms-food. On Wednesday, the fullmoon day of Kason, Great Era 103, sitting cross-legged on the Aparahita throne at the foot of the Maha Bodhi Tree, he conquered the hordes of Mara before sunset. In the first quarter of the night, he acquired the Knowledge of Past Lives. In the middle watch of the night he acquired the Knowledge of the Divine Eye.
In the last watch of the night he acquired the Knowledge of the Destruction of the Taints and attained the supreme Enlightenment of a Buddha. He then pronounced the verse beginning “Throughout the unending births of samsara.”
After attaining Buddhahood, Buddha thought that if He should teach the Dhamma to beings living in sensual pleasures they would not understand and the only result would be lost effort. However, on the plea of Brahma Sahampati, Buddha looked around to see who would be the most fitting persons to preach to and saw the earlier companions, the Five Recluses. Buddha then proceeded to the Migadaya Wood where the Five Recluses were, and on the evening of Saturday, the fullmoon day of Wazo, Great Era 103, just when the sun was about to set and the moon about to rise, He delivered the First Sermon “The Wheel of Law” which begins: “Bikkhus, there are two extremes.”.
Yasa, the son of a wealthy merchant revelled in the pleasures of musical entertainment performed only by females. One night, he awoke after midnight and saw the female entertainers sleeping in disgusting disarray as in a cemetery. He became weary of sensual pleasures, departed from his chamber and arrived in the Migadaya Wood where he met The Buddha. Lord Buddha preached the Dhamma, whereupon he attained the stage of Stream-winner. Yasa’s father and his wife Sujata came in search of their lost son, met the Buddha. On hearing Dhamma taught by The Buddha, they became established in the Triple Refuge. Yasa continued to attain the three higher stages and bacame an Arahat. The rich Merchant and his wife were the first to be established in the Triple Refuges.
Buddha, attended by his two senior disciples, entered the chambers of Yasodara. Yasodara, placing her hands on the insteps of Buddha, reverenced Him and wept. The Royal Father. King Suddhodana, informed Buddha that Yasodara had lived in austerity even as the future Buddha was practising the severe austerities in the woods. Buddha then Preached the Canda Keinnari Jataka.
Prompted by Yasodara, son Rahula asked his father, Buddha, for inheritance. Buddha appointed Sariputta as Preceptor, made Rahula a samanera novice and thus bestowed upon the boy the legacy of the Sasana.
Farmers of Kapilavatthu and Koliya disputed over the use of the waters of the river Rohini that ran between the two states. Kings of the two states prepared for war. Buddha, in order to avoid bloodsned, came and stood above the waters of the Rohini between the two armies and admonished them by preaching the sermon of peace that the very valuable lives should not be lost for the sake of a little bit of worthless water. Thus the war was averted and there was no bloodshed.
While Buddha stayed in Kapilavatthu, His step-mother, Gotami, begged permission for women to be admitted into the Order as Nuns three times but without success. When Buddha was staying in Vesali, Gotami, attended by five hundred sakyan women, with their heads shaven and wearing yellow garments, came to the Buddha.
Petitioned by Venerable Ananda, Buddha permitted step-mother Gotami to establish the Order of Bikkhunis provided they would practice the Eight Weighty Rules.
The beautiful Queen Khema, who was proud of her beauty, avoided Buddha who used to teach about the detestable blemishes of physical beauty. The Queen heard a song about the beauty of Veluvana Monastery and arrived there. To her amazement, the Queen saw a woman, many times more beautiful than herself, fanning Buddha in the monastery. But even as the Queen watched, the beautiful woman fanning Buddha grew older and older fell down through infirmity, began to moan and died. Queen Khema realized the process of life and repented. The Queen accepted Buddha’s guidance and became a bikkhuni.
A wealthy man of Rajagaha hung an almsbowl made of sandalwood on the top of a pole sixty cubits (90 feet) high and proclaimed he would give away all his property including himself and his family as slaves to any monk who claimed to be an Arahant and displayed his ability by travelling through the air and removing the almsbowl. When no one could perform the feat, the men of the city, inebriated with alcohol, mocked and jeered with the challenge: “Are there no such persons as Arahants?” When the bikkhu Pindola Bharadvaja heard the mockery which could harm Buddha’s Sasana, he came and performed the feat. The whole town broke into an uproar. Buddha learned of this and summoned Pindola Bharadvaja. Buddha laid down the rule that henceforth no monk should display superhuman powers.
Buddha spent the seventh rainy season retreat in the Tavatimsa abode of devas. Sitting cross-legged on the throne, he preached the Abhidhamma to devas and brahmas headed by the deva who had been His mother. Buddha visited the Earth everyday and had meals in the forest of sandalwood trees. He there repeated to shin Sariputta a resume of the Abhidhamma which had been preached in Tavatimsa. The holy Double Image continued to preach in Tavatimsa. After preaching the Abhidhamma for the duration of the rainy season retreat, Buddha descended to Earth on the fullmoon day of Thadingyut along a ruby stairway from Tavatimsa to Sankassa.
- Room(15)
- Room(16)
- Room(17)
- Room(18)
- Room(19)
- Room(20)
- Room(21)
- Room(22)
- Room(23)
- Room(24)
- Room(25)
- Room(26)
- Room(27)
- Room(28)
While Buddha was staying in Gositarama Monastery in Kosambi, a dispute arose between a monk who was master of the disciplinary rules and a monk who was a preacher of the Dhamma over the matter of leaving unused water in the bowl in the bathing-room. Disobeying Buddha’s advice, the monks persisted in developing their dispute and spreading it throughout the whole Order, among the laity and even among the Brahmas. Buddha, wishing to be alone, left behind the Sangha and went to the Parileyaka Wood to live there in isolation where he was served by elephants and monkeys.
Buddha saw Singala youth with hair and clothes wet, doing obeisance to the points of the compass. Upon enquiry, the youth explained that he was doing obeisance to the six directions as taught by his parents. Buddha explained to the youth that the six directions represented mother, father, teacher, husband, wife, son and daughter and also explained the duties of each. (Singalovada Sutta embodies the duties of parents and teachers as taught by Buddha and practised by Myanmars.)
Angered by brahmins from his clan frequently entering the Sangha, Akosa Bharadvaja Brahmin riled and vituperated Buddha, hurhngblasphemies and curses. Buddha tolerated the scurrilous attacks and asked the brahmin: “Suppose your kinsmen visiting your house went away without accepting the food you offered, where will the food be left?” The brahmin said that the food would be left with him. Buddha said: “I do not accept your hundred uncivil expletives. They now remain with you.” Buddha preached a sermon on how anger is conquered by non-anger.
When Buddha had completed twenty rainy season retreats, there rose the need for a permanent personal attendant. Buddha asked the monks to select a suitable person for the purpose. The monks urged cousin Ananda to seek Buddha’s permission to serve as the personal attendant. Shin Ananda expressed readiness to serve Buddha provided he would be allowed not to accept four kinds of awards he did not wish to have and to be allowed four privileges he wished to have. The four awards he did not wish to have were fine robes offered to Buddha, alms food offered to Buddha, to stay with Buddha in the Perfumed Chamber and to accompany Buddha to invitations. The four privileges he wished to have were for Buddha to accompany Ananda on invitations, for Buddha to preach on matters on which Ananda was in doubt, to repeat to him sermons preached by Buddha in his absence and to let pilgrims from afar into His presence at any time if brought by Ananda. Shin Ananda acquired the boons he asked for and thereafter he attended on Buddha’s person till Buddha passed away into Parinibbana.
Men belonging to the clan of Kalamas approached Buddha and enquired: “Wandering Brahmins keep taeching that only their doctrines are true: they condemn the doctrines of others. Whose doctrines are really true?” Buddha delivered the Kesamutti Sutta in which is declared: “Do not accept any doctrine to be true because it confroms with word of mouth, word in writing or with tradition. Discard those doctrines you personally know to be ill and believe in those you personally know to be fruitful.”
In the course of His perambulations, Buddha accompanied by Shin Ananda came upon an aged monk afflicted with diarrhoea, writhing and rolling in his own excrement. On enquiry the aged monk told Buddha that he had noboby to attend on him. Buddha personally washed the sick monk with warm water and nursed him. Thereafter, Buddha offered the monks to assemble and told them to look after one another. Buddha told the monks: “Monks desiring to serve me must also serve the sick.”
While Buddha was in residence in Jetavana, the monk Malunkyaputta approached Buddha and said: “Buddha has not yet said whether the world is permanent or not permanent. If Buddha does not know, let Him admit it. I will leave the Order if this is not clarified. “Buddha said: “I do not teach that which is not fruitul. Whether the world is permanent or not permanent, birth, ageing, sickness and death will always be there. if a person struck with an arrow were to determine from which direction the arrow came, who shot it and with what bow or cross-bow before he began trying to remove the arrow, he would only die. You have yourself experienced the suffering in your body. You must remember what I have taught as taught and not as what I have not taught.”
Mahasala brahmin who possessed eight hundred thousand worth of property distributed it all to his sons as inheritance. The sons then neglected to look after their father who was now impoverished. He had to eke out a living moving from place to place. He came to Buddha and Buddha gave him a verse of four stanzas. The brahmin recited the four stanzas before assemblies of men. The citizens, hearing the verse, censured and condemned the sons. The sons realized their wrong behaviour and began to look after their father. The brahmin, as a token of gratitude, presented Buddha with a loincloth he had received, and became a lay disciple.
Buddha approached with his alms bowl as Pancagga brahmin was having his meal. The brahmin’s wife gestured to Buddha behind her husband’s back that they had no food to offer. The brahmin noticed his wife’s gesture. He asked Buddha. “Considering that I had not offered the food first, would it be proper to present the food I have already begun to eat and would Buddha accept the offer?” Buddha said: “It is proper to offer food before you have begun to eat or while you are eating or what is left after you have eaten. It is not proper for bikkhus to praise or to belittle the food that is offered.”
Devadatta, with a view to splitting the Sangha, approached Buddha and proposed five new disciplinary rules. The rules proposed were that bikkhus should be forest-dwellers throughout life, that they should seek alms food and not accept invitations, that they should wear only robes made of rags taken from the rubbish heap, that they should live at the foot of trees and not in a shelter, and that they should throughout life not eat fish or meat. Buddha rejected the proposals. Devadatta, alleging that Buddha preferred a life of luxury for the monks, split the Sangha, taking with him those monks who supported him. Devadatta for these demeritorious acts was subsequently swallowed by the earth.
Ajatasattu began to lose his mental equilibrium after he had murdered his father King Bimbisara. He sought various means to tranquilise his mind. Physician Jivaka sent Ajatasattu, surrounded by five hundred beautiful women mounted on five hundred cow-elephants, to Buddha on the fullmoon night of Tazaungmon. Ajatasattu saw Buddha surrounded by 1250 serene monks in a very peaceful atmosphere. He admired and adored the tranquility and expressed words of praise. He listened to Buddha’s teaching and became a lay disciple.
Shin Sariputta, in pious adoration of Buddha’s omniscience, declared that Buddha had no equal in the past, has no equal in the present and will have no equal in the future. Buddha asked him: “Do you know the minds of the Buddhas who have appeared before me, who are appearing and who will appear?” Shin Sariputta replied that he did not know.” Why then do you make the eulogy?” asked Buddha. Shin Sariputta replied that he made the daring declaration because he was fully convinced of and adored so much the perfect and infinite wisdom of Buddha.
Buddha was staying in the Mango Grove of courtesan Ambapali in Vesali when she invited Buddha for alms meal at her home. Buddha accepted the invitation. Rulers of Licchavi tried to buy from Ambapali the right to offer the meal. When Ambapali refused they approached Buddha and presented their invitation. Buddha declined saying he had already accepted Ambapali’s invitaion.
Buddha relinquished His life at the age of eighty after He had completed forty-five rainy season retreats. Buddha, attended by monks proceeded to Kusinara. Although He was suffering from diarrhoea He delivered the last sermon to the monks. He passed into Parinibbana on Tuesday, the fullmoon day of Kason, Great Era 148 (B.C 543), in the salgrove of the rulers of Malla.
On Sunday, the twelfth waning of Kason, Buddha’s remains were consumed by fire. The assembled kings prepared for war in a dispute over Buddha’s Relics. Brahmin Dona distributed the Sacred Relics in a fair manner among all the assembled kings. He himself received only the cup with which he measured the Relics.
ပြခန်း(၁) ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲ ဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသော စကားကြုံးဝါး တော်မူ၏။
ပြခန်း(၁) ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေဝီ မိဖုရားခေါင်ကြီး၏ ဝမ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ဝင်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။
မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် ကပ္ပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြား လုမ္ဗိနီအင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။” “ငါသည် လောကတွင် အကြီးအကဲ ဆုံးဖြစ်၏။” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသော စကားကြုံးဝါး တော်မူ၏။
ပြခန်း(၂) ထီးနန်းစိုးစံတော်မူခန်း
ပြခန်း(၃) နိမိတ်ကြီးလေးပါး မြင်တော်မူခန်း
ပြခန်း(၄) တောထွက်တော်မူခန်း
ပြခန်း(၅) ဒုက္ကရစရိယာကျင့်တော်မူခန်း
ပြခန်း(၆) ဘုရားဖြစ်တော်မူခန်း
ပြခန်း(၇) ဓမ္မစကြာတရားဟောတော်မူခန်း
ပြခန်း(၈) ယဿသူဋ္ဌေးသားရဟန်းဖြစ်ခန်း
ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ ၏။ သူဌေးကြီးနှင့် သူဌေးကတော် နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများဖြစ်၏။
ပြခန်း(၉) ယသော်ဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း
ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီ စည်းစိမ်ခံစားနေစဉ် တစ်ညဉ့်သ၌ သန်းခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲ ပုံပျက် ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင် ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှထွက်၍ မိဂဒါဝုန်တောသို့ရောက်လာ၏။ မြတ်စွာ ဘုရားနှင့်တွေ့သဖြင့် တရားဟောသောကြောင့် သောတပန်ဖြစ်လေ၏။ သားပျောက် သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတပန်ဖြစ်လေ၏။
ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ ၏။ သူဌေးကြီးနှင့် သူဌေးကတော် နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများဖြစ်၏။
ပြခန်း(၁၀) ရောဟီဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရားဟောတော်မူခန်း
ပြခန်း(၁၁) ဘိက္ခုနီသာသနာခွင့်ပြုတော်မူခန်း
ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ဝန်ခံနိုင်လျှင် ပဉ္စင်းခံမှုဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။
ပြခန်း(၁၂) ခေမာမိဖုရားအား ဆုံးမတော်မူခန်း
ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက် သာလွန် လှပသော မိန်းမပျိုကို အံ့ဩစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏အဆင်း သည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့်ဖောက်ပြန် ပျက်စီးသွားလေသည်။ ခေမာ မိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေသည်။
ပြခန်း(၁၃) ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း
မြတ်စွာဘုရား၏သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရ သောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှသပိတ်ကိုယူလေ သော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။
ပြခန်း(၁၄) အဘိဓမ္မာတရားဟောကြားတော်မူခန်း
ပြခန်း(၁၅) ပါလိလေယျကတော၌ တစ်ပါးတည်းစံပျော်တော်မူခန်း
မြတ်စွာဘုရားသည် သံဃာပရိတ်သတ်တို့ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုသဖြင့် ပါလိလေယျကတောသို့ ကြွရောက်သီတင်းသုံးစဉ် ပါလိလေယျက ဆင် နှင့် မျောက် တို့က ပြုစုကြလေသည်။
ပြခန်း(၁၆) သိင်္ဂါလသတိုးသားအား ဆုံးမတော်မူခန်း
(သိင်္ဂါလောဝါဒသုတ်သည် မြန်မာများ ကျင့်သုံးနေသော မိဘဝတ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)
ပြခန်း(၁၇) အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း
မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထို ခဲဖွယ်ဘောဇဉ်များသည် မည်သူ့ထံ၌ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်း ဖြေကြားသော မြတ်စွာဘုရားက သင်၏မယဉ်ကျေးသော ဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။
ပြခန်း(၁၈) ရှင်အာနန္ဒာ၏ပယ်လေးတန်၊ ပန်လေးပါး ဆုရှစ်ပါးတောင်းခံတော်မူခန်း
ပြခန်း(၁၉) ကာလာမသုတ် ဟောတော်မူခန်း
ပြခန်း(၂၀) ဂိလာနရဟန်းအားပြုစုတော်မူခန်း
ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကိုလုပ်ကျွေးပြုစုလိုသော ရဟန်းသည် နာဖျားသော ရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။
ပြခန်း(၂၁) မာလုကျပုတ္တရဟန်းအားဆုံးမတော်မူခန်း
ပြခန်း(၂၂) မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း
ပြခန်း(၂၃) ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း
ပြခန်း(၂၄) ဒေဝဒတ် သံဃာသင်းခွဲခန်း
ပြခန်း(၂၅) အဇာတသတ် ကန်တော့ခန်း
ပြခန်း(၂၆) အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း
မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ့်ကြောင့်ပြောရသနည်းဟု မေးမြန်းလေ ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံ သိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့်စကားဖြင့် လျှောက်ထားရခြင်း ဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။
ပြခန်း(၂၇) အမ္ဗပါလီ၏ဆွမ်းပင့်လျှောက်ထားခန်း
အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆဝီမင်းများသည် မြတ်စွာဘုရားထံချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ ဆွမ်းကိုလက်ခံပြီးဖြစ်သည် ဟု မိန့်ကြားလျက် လိစ္ဆဝီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။
ပြခန်း(၂၈) ပရိနိဗ္ဗာန်စံတော်မူခန်း
ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓါတ် လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို ရလိုမှုဖြင့် မင်းများက စစ်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓါတ်တော်များကို ညီမျှစွာ ခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓါတ်တော်ခြင်သောခွက်ကိုသာရလေ၏။
နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရား ပန်းချီကားများ

တဏှာင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- စရည်းပင်) သာရမဏ္ဍကမ္ဘာဝယ် ပုပ္ပဝတီပြည်၌ ခမည်းတော် စုန္ဒမယ်တော် သုနန္ဒလ တို့မှ ဖွားမြင်တော်မူပြီး ဆင်ယာဉ်ဖြင့် ထွက်တော်မူကာ(၇)ရက်ကြာ ဒုက္ကရစရိယ ကျင့်တော်မူပြီးနောက် စရည်းဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
သရဏင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- ပေါက်ပင်) သာရမဏ္ဍကမ္ဘာဝယ် မေဃလပြည်၌ ခမည်းတော် သုဒေဝ မယ်တော်ယသောဓရာ တို့မှ ဖွားမြင်တော်မူပြီး ဆင်ယာဉ်နှင့် တောထွက်တော်မူကာ (၁၅)ရက်ကြာ ဒုက္ကရစရိယကျင့်တော်မူပြီးနောက် ပေါက်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
မေဓင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ- သခွတ်ပင်) သာရမဏ္ဍကမ္ဘာဝယ် ပိပူလပြည်၌ ခမည်းတော် သုမင်္ဂလ၊ မယ်တော်ယသဝတီတို့မှ ဖွားမြင်တော်မူပြီး မြင်းယာဉ်နှင့် တောထွက်တော်မူ ကာလခွဲကြာ ဒုက္ကရစရိယကျင့်တော်မူပြီးနောက် သခွတ်ဗောဓိပင်ရင်း၌ ဘုရားဖြစ်တော်မူလေသည်။
ဒီပင်္ကရာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ညောင်ကြက်ပင်)အလောင်းတော်သုမေဓာရှင်ရသေ့သည် မြတ်စွာဘုရားကြွရာ လမ်းပြုပြင်ရာဝယ် ကိုယ်ကိုတံတားခင်း၍ လှူဒါန်း၏ ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ကောဏ္ဍညမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – နပဲပင်) အလောင်းတော် ဝိဇိတာဝီစင်္ကြာမင်းသည် ကောဏ္ဍညမြတ်စွာဘုရား သီတင်းသုံးရန် ကျောင်းတော်ကို စီမံ၍ ဆွမ်းအစရှိသော အလှူကြီးပေး၏ ကောဏ္ဍညမြတ်စွာဘုရားသည် အလောင်းတော်ဝိဇိတာဝီစင်္ကြာမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
မင်္ဂလမြတ်စွာဘုရား
(ပွင့်ရာဗောဓိ -ကံ့ကော်ပင်)အလောင်းတော် သုရုစိပုဏ္ဏားသည် ရတနာ အတိပြီးသော မဏ္ဍပ်ကြီးဆောက်လုပ်၍ မင်္ဂလမြတ်စွာဘုရားအမှူးရှိသော သာဝကများကို (၇)ရက်ပတ်လုံး အလှူကြီးပေး၏ မင်္ဂလမြတ်စွာဘုရားသည် အလောင်းတော်သုရုစိပုဏ္ဏားကို နောင်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
သုမနမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကံ့ကော်ပင်) အလောင်းတော် အတုလ နဂါးမင်းကြီးသည် သုမနမြတ်စွာဘုရားကို နတ်၌ဖြစ်သော တူရိယာများဖြင့် ပူဇော်၍ ဆွမ်းအဖျော်တို့ကို လှူတော်မူ၏ သုမနမြတ်စွာဘုရားသည် အလောင်းတော် အတုလမင်းကြီးကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ရေဝတမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကံ့ကော်ပင်) အလောင်းတော်အတိဒဝပုဏ္ဏားသည် ရေဝကမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်များကို ဂါထာတစ်ထောင်ဖြင့် ချီးကျူးပူဇော်ပြီး အဖိုးတစ်သောင်းထိုက်တန်သော အပေါ်ဝတ်ရုံကို လှူဒါန်း၏ ရေဝတမြတ်စွာဘုရားသည် အတိဒေဝပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟုဗျာဒိတ်ပေးတော်မူသည်။
သောဘိတမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကံ့ကော်ပင်) အလောင်းတော် သုဇာတပုဏ္ဏားသည် သောဘိတမြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်များကို ဝါတွင်းသုံးလပတ်လုံးကြီးစွာသော အလှူကြီးပေး၏ သောဘိတမြတ်စွာဘုရားသည် သုဇတပုဏ္ဏားကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
အနောမဒဿီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ထောက်ကြံ့ပင်) အလောင်းတော် ဘီလူးစစ်သူကြီးသည် အနောမဒဿီမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာခုနှစ်ပါးအတိပြီးသော မဏ္ဍပ်အတွင်း၌ (၇) ရက်ပတ်လုံး ဆွမ်းစသော အလှူကြီးပေး၏ အနောမဿဒီမြတ်စွာဘုရားသည် အလောင်းတော် ဘီလူးစစ်သူကြီးကို နောင်သောအခါ ဂေါတမဘုရား ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ပဒုမမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကြောင်သျှာပင်) အလောင်းတော်ခြင်္သေ့မင်းသည် (၇) ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စားတော်မူသော ပဒုမမြတ်စွာဘုရားကို အလွန်ကြည်ညိုပြီး ဆည်းကပ်နေ၏။ ရဟန်းသံဃာတော်များကိုလည်း ကြည်ညိုဆည်းကပ်၏။ ပဒုမမြတ်စွာဘုရားသည် အလောင်းတော်ခြင်္သေ့မင်းကို နောင်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
နာရဒမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကြောင်သျှာပင်) အလောင်းတော်ရသေ့သည် နာရဒမြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းအလှူကြီးပေး၏။ ဟိမဝန္တာမှ စန္ဒကူးနံ့သာနီကို ဆောင်ယူကာ လှူဒါန်း၏။ နာရဒမြတ်စွာဘုရားသည် အလောင်းတော်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ပဒုမုတ္တရမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ထင်းရှူးပင်) အလောင်းတော် ဇဋိလသူဌေးကြီးသည် ပဒုမုတ္တရမြတ်စွာဘုရား အမှူးပြုသော သံဃာတော်များကို ဆွမ်းခဲဘွယ်ဘောဇဉ်နှင့် သင်္ကန်းလျာအဝတ်အထည်ကြီးများ ပေးလှူ၏ ပဒုမုတ္တရမြတ်စွာဘုရားသည် အလောင်းတော်ဇဋိလသူဌေးကြီးကို နောင်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
သုမေဓာမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – တမာပင်ကြီး) အလောင်းတော် ဥတ္တရမည်သော လုလင်သည် မိမိစုဆောင်းထားသော ပစ္စည်းတို့ကို သုမေဓာမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းပြီး သာသနာတော်၌ရဟန်းပြု၏ သုမေဓာမြတ်စွာဘုရားသည် အလောင်းတော် ဥတ္တရလုလင်ကို နောင်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
သုဇာတမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကြခတ်ဝါးပင်) အလောင်းတော်စင်္ကြာမင်းသည် သုဇာတမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကို ရတနာ (၇)ပါးနှင့် ထီးနန်းစည်းစိမ်ကို လှူဒါန်း၍ ရဟန်းပြု၏။ သုဇာတမြတ်စွာဘုရားသည် အလောင်းတော်စင်္ကြာမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ပီယဒဿီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ရေခတက်ပင်) အလောင်းတော်ကဿပပုဏ္ဏားလုလင်သည် အလွန်ကောင်းမြတ်သော သံဃာအာရာမ်ကြီး ဆောက်လုပ်လှူဒါန်း၏။ ရတနာသုံးပါးနှင့်တကွ ငါးပါးသီလဆောက်တည်ကျင့်သုံး၏။ ပီယဒဿီမြတ်စွာဘုရားသည် အလောင်းတော်ပဿပလုလင်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
အတ္တဒဿီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – စကားပင်) အလောင်းတော် သုသီမပုဏ္ဏားသည် မိမိဥစ္စာ တို့ကို ဆင်းရဲနွမ်းပါးသူတို့အား လှူဒါန်း၍ ရသေ့ပြုလေ၏။ သုသီမရှင်ရသေ့သည် အတ္တ ဒဿီမြတ်စွာဘုရားကို နတ်၌ဖြစ်သော ပဒုမ္မာကြာပန်း ပင်လယ်ကသစ်ပန်းတို့ကို လှူဒါန်း၏။ အတ္တဒဿီမြတ်စွာဘုရားသည် သုသီမရှင်ရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဓမ္မဒဿီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – သံသတ်ပင်) အလောင်းတော်သကြားမင်းသည် နတ်အပေါင်းခြံရံလျက် နတ်၌ဖြစ်သော နံသာပန်း၊ တူရိယာမျိုးစုံတို့ဖြင့် ဓမ္မဒဿီမြတ်စွာဘုရားကို ပူဇော်၏။ ဓမ္မဒဿီမြတ်စွာဘုရားသည် အလောင်းတော်သကြားမင်းကို နောင်အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော် မူသည်။
သိဒ္ဓတ္ထမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – မဟာလှေကားပင်) အလောင်းတော် မင်္ဂလပုဏ္ဏားသည် မိမိပိုင်ဥစ္စာတို့ကို ဆင်းရဲသူတို့အား စွန့်ကြဲပြီး ရသေ့ပြု၍ ဈာန်အဘိဥာဉ်တန်ခိုးဖြင့် ဇမ္ဗုသပြေသီးယူဆောင်လှူဒါန်း၏ သိဒ္ဓတ္ထမြတ်စွာဘုရားသည် မင်္ဂလရသေ့ကို နောင်အခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
တိဿမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ပိတောက်ပင်) အလောင်းတော်သုဇာတမင်းသည် ထီးနန်းစည်းစိမ်ကိုစွန့်၍ ရသေ့ပြု၏ နတ်၌ဖြစ်သော ပန်းတို့ကိုတန်ခိုးဖြင့်ယူဆောင်ပြီး မြတ်စွာဘုရားကိုပူဇော်၏။ ပဒုမ္မာထီးတစ်လက်ဖြင့် မြတ်စွာဘုရား ဦးခေါင်းတော်၌ ဆောင်းမိုးပူဇော်၏။ တိဿမြတ်စွာဘုရားသည် သုဇာတရသေ့ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဖုဿမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – သျှိသျှားပင်) အလောင်းတော် ဝိဇိတာဝီမင်းကြီးသည် ကြီးစွာသော အလှူကြီးလှူဒါန်းကာ ထီးနန်းစည်းစိမ်စွန့်လျက် ရဟန်းပြု၏။ ဖုဿမြတ်စွာဘုရားသည် ဝိဇိတာဝီ ရဟန်းတော်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဝိပဿီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – သခွတ်ပင်) အလောင်းတော်အတုလနဂါးမင်းသည် ရတနာမဏ္ဍတော်ကြီး ဆောက်လုပ်၍ ဝိပဿီမြတ်စွာဘုရားအမှူးရှိသော သံဃတော်များကို သီတင်းသုံးစေပြီး (၇)ရက်ပတ်လုံး အလှူကြီးပေး၏။ ဝိပဿီမြတ်စွာဘုရားသည် အလောင်းတော်အတူလနဂါးမင်းကို နောင်သောအခါ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။
သိခီမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – သရက်ဖြူပင်) အလောင်းတော် အရိန္ဒမမင်းသည် သိခီမြတ်စွာဘုရားအမှူးပြုသော သံဃာတော်မြတ်များကို တန်ဆာဆင်အပ်သောမင်္ဂလာဆင်တော်နှင့်တကွ တန်ဘိုးညီမျှသော အပ္ပိယဝတ္ထုပစ္စည်း တို့ကိုလှူ၏။ သိခီမြတ်စွာဘုရားသည် အလောင်းတော်အရိန္ဒမမင်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဝေဿဘူမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – အင်ကြင်းပင်) အလောင်းတော် သုဒဿနမင်းသည် ဝေဿဘူမြတ်စွာဘုရားသီတင်းသုံးရန် ဂန္ဓကုဋိ ကျောင်းတော်ကြီးနှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရန် ကျောင်းပေါင်းတစ်ထောင် ဝန်းရံဆောက်လုပ်လှူဒါန်း၍ ရဟန်းပြုလေ၏။ ဝေဿဘူမြတ်စွာဘုရားသည် သုဒေဿန ရဟန်းမြတ်ကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟုဗျာဒိတ်ပေးတော်မူသည်။
ကကုသန္ဓမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ကုက္ကိုပင်) အလောင်းတော်ခေမမင်းသည် ကကုသန္ဓမြတ်စွာဘုရားအမှူးရှိသော သံဃာတော်များအား သပိတ်သင်္ကန်းများနှင့် ဆေးဝါးတို့ကို လှူဒါန်း၍ ရဟန်းပြုလေ၏။ ကကုသန္ဓ မြတ်စွာဘုရားသည် ခေမမင်းရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတောမူသည်။
ကောဏဂမနမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ရေသဖန်းပင်) အလောင်းတော်သဗ္ဗတမင်းသည် ဝါတွင်းသုံးလပတ်လုံး ကောဏဂမနမြတ်စွာဘုရားနှင့် တပည့်သံဃာတော်များကို ပြုစုလုပ်ကျွေးကာပိုးဖဲကဗ္ဗလာစသော အဖိုးတန်အထည်များကို လှူ၏။ ကောဏဂမနမြတ်စွာဘုရားသည် အလောင်းတောသဗ္ဗတမင်းကို နောင်သောအခါ၌ ဂေါတမမင်းဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ကဿပမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ပညောင်ပင်) အလောင်းတောဇောတိပါလ လုလင်သည် ကဿပမြတ်စွာဘုရား၏ တရားတော်ကို နာကြား၍ ရဟန်းပြုလျက် ပရိယတ္တိသာသနာကို အလုံးစုံသင်ကြား၏။ ကဿပ မြတ်စွာဘုရားသည် ဇောတိပါလရဟန်းကို နောင်သောအခါ၌ ဂေါတမဘုရားဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဂေါတမမြတ်စွာဘုရား
(ပွင့်ရာဗောဓိ – ညောင်ဗုဒ္ဓဟေ) အလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ကဝိလဝတ်နေပြည်တော်၌ ခမည်းတော် သုဒ္ဓောဒနမင်းကြီး၊ မယ်တော် သီရိမဟာမာယာ ဒေဝီမိဖုရားကြီးတို့မှ ဖွားမြင်တော်မူသည်။ ကဏ္ဍိကမြင်းယာဉ်တော်စီးကာ တောထွက်တော်မူ၏။ ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်တော်မူပြီး မဟာဗောဓိညောင်ဗုဒ္ဓဟေပင်ရင်း၌ ဘုရားဖြစ်တော်မူသည်။