လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂လ ရာသီပွဲတော်များအနက် (၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့) ၁၀-၆-၂၀၂၅ရက် (အင်္ဂါနေ့) နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ရွှေတိဂုံစေတီတော်ရင်ပြင်၌မဟာသမယအခါတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက် ၀၅:ဝဝ နာရီတွင် ဆွမ်းတော် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက်(၀၆ဝဝ)နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီး များနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၀၆:၃၀နာရီတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ ၀၇:ဝဝ နာရီတွင် မဟာသမယနေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ကပိလဝတ်နှင့်ကောလိယ အုပ်စု(၂)စုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရဟန်းရှင်လူပြည်သူများပါဝင်ကုသိုလ် ပြုနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

12 月 23, 2024 | Announcement

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

了解更多
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

了解更多
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

了解更多