- что такое котировка в ставках: Коэффициенты букмекеров Виды котировок для ставок
- Что такое таймфрейм простыми словами?
- Лот финансы Википедия
- Торговля на Forex с Альфа-Форекс Трейдинг с надежным брокером
- ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ
- လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
- ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ
- လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂လ ရာသီပွဲတော်များအနက် (၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့) ၁၀-၆-၂၀၂၅ရက် (အင်္ဂါနေ့) နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ရွှေတိဂုံစေတီတော်ရင်ပြင်၌မဟာသမယအခါတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက် ၀၅:ဝဝ နာရီတွင် ဆွမ်းတော် ဆက်ကပ်လှူဒါန်းခြင်း၊ နံနက်(၀၆ဝဝ)နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီး များနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၀၆:၃၀နာရီတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ ၀၇:ဝဝ နာရီတွင် မဟာသမယနေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့်ဝန်ထမ်းများက ကပိလဝတ်နှင့်ကောလိယ အုပ်စု(၂)စုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ်ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရဟန်းရှင်လူပြည်သူများပါဝင်ကုသိုလ် ပြုနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
- ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ
- ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ
- ရွှေတိဂုံစေတီတော်တွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြို၂၄နာရီအသံမစဲမေတ္တာပို့သပွဲကျင်းပ
- ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၅) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ (သီးခြားစာသင်တန်း)
- ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ
- ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၁)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်၌(၅၈၆)ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာဂုဏ်ပြုလွှာချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီများ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့်ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသံဃာတော် (၅၅၅၅) ပါးတို့အားပစ္စည်းလေးပါးလှူဒါန်းခြင်းနှင့် သံဃဒါနဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
- ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့်ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကျင်းပ
- download kmspico ✓ Activate Windows & Office Effortlessly
- kms windows activator for windows 10 ✓ Activate with KMS Service Now!
- ကျိုက်ထီးရိုးစေတီတော်
- ရွှေတိဂုံစေတီတော်
- ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
- Pagoda Digital Directory ဆောင်ရွက်နိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးထံမှဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များလမ်းညွှန်မှုခံယူသည့်အစည်းအဝေး
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဘုရား(၉)ဆူမှဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး
- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဘုရား(၉)ဆူမှ ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပထမအကြိမ် Pagoda Digital Directory ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး
ဖူးမြော်ရန်နေရာများ
ရွှေတိဂုံစေတီတော်သမိုင်း
မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-600)ခန့်တွင် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟ (၇)ဌာနတွင် လှည့်လည် စံမြန်းတော်မူစဉ် ဥက္ကလာတိုင်းမှ တဖုဿနှင့် ဘလ္လိကအမည်ရှိ ကုန်သည် ညီနောင်တို့သည်ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက်ဘုရား ရှင်ထံမှဘုရားရှင် ကိုယ်တိုင်ပေးသနားတော်မူသော ဆံတော်မြတ်ရှစ်ဆူကို ပင့်ဆောင်လျက် ဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိခဲ့ရာ ဥက္ကလာပမင်းကြီး အမှူးပြုပြီး တိုင်းသူ ပြည်သားများက ကြိုဆိုပူဇော်ခဲ့ကြသည်။
ဥက္ကလာပမင်းကြီးအမှူးပြုသော ဥက္ကလာပတိုင်းသားများသည် ရှေးယခင် ပွင့်တော်မူပြီးသောကကုသန္ဓဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမန ဘုရားရှင်၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်တို့နှင့် ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရကုန်းတော်တွင် ဌာပနာ၍ ဉာဏ် တော်အမြင့် (၆၆)ပေ၊ (၄၄တောင်)- (၂၀မီတာ)ရှိသော ရွှေတိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့သည်။ ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားလေးဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်ရာစေတီ ဖြစ်သောကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ဟု ဘွဲ့အမည်ရသည်။
ပွဲတော်များ
ဗုဒ္ဓသာသနာတော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခါတော်နေ့ အခမ်းအနားများကို ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
ပန်းဆယ်မျိုး
မင်းအဆက်ဆက်တို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သူ့ခေတ်သူ့ကာလ၊ သူ့အနုပညာလက်ရာ ပန်း(၁၀)မျိုးတို့ဖြင့် ထုံမွှန်းကာစေတီ၊ ပုထိုး၊ တန်ဆောင်း၊ ပြဿဒ် လက်ရာတို့ကို သူ့ထက်ငှာ လက်စွမ်းပြ တန်ဆာဆင်ကာ ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။
မဟာဗုဒ္ဓဝင်ပြခန်း
မဟာဗုဒ္ဓဝင်ပြခန်းကြီးကို ရွှေတိဂုံစေတီတော် အနောက်မြောက်ထောင့်ရှိ အောက်ပစ္စယံ၌ ဖွင့်လှစ် ပြသထားပါသည်။ ထိုပြခန်းကြီးသည် ယခင် ဗုဒ္ဓဇယန္တိ ဓမ္မာရုံကြီးဖြစ်သည်။
ဗုဒ္ဓအဆုံးအမများ
စေတီတော်ရင်ပြင်တွင် ရေးထိုးထားသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများ
စေတိယင်္ဂဏစာလျှောက်မေးပွဲဆိုင်ရာ
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်ခန့်စေရန် ထိန်းသိမ်းစောင့်ရှောက်ရုံမျှသာမက ဗုဒ္ဓမြတ်စွာသာသနာတော် တည်တံ့စည်ပင်ပြန့်ပွားရေးလုပ်ငန်းများကိုလည်း တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကားရေးအတွက် သာသနာ့အာဇာနည်ပုဂ္ဂိုလ်အကျော်အမော်များ ပေါ်ပေါက်လာစေရန် ကြုံခဲလှစွာသော အခွင့်အရေးတစ်ရပ်အနေဖြင့် (၁၈၉၄)ခုနှစ်တွင် စေတိယင်္ဂဏအသင်းကို တည်ထောင်၍ သီးခြားစာသင်တန်း၊ စာချတန်း စာမေးပွဲများကို (၁၉၁၈)ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတိယင်္ဂဏစာလျှောက်မေးပွဲကြီးကို ၁၉၈၄ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှစ၍ တာဝန်ယူကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်တွင် (၁၀၆) ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
ယင်းကာလအတွင်း သာသနာတော်အဓွန့်ရှည်ရေးအတွက် နှစ်စဉ်မပျက်စာလျှောက်မေးပွဲကျင်းပခြင်း၊ စာအောင်ဆုနှင်းသဘင် ဆင်ယင်ကျင်းပပူဇော်ခြင်းနှင့် လစဉ်နိဗဒ္ဓဆွမ်းဆန်တော်များလောင်းလှူခြင်းစသည့် သာသနာရေးဆိုင်ရာများကို သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့၏ လှူဒါန်းငွေများဖြင့် နှစ်စဉ်မပြတ် ကုသိုလ်အထပ်ထပ်ဖြင့် သာသနာ့အသက်သွေးကြောဆက်လက် ရှင်သန်နေစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။
ထိန်းသိမ်းစောင့်ရှောက်မှု
ဘုရားဖူးလမ်းညွှန်
စောင်းတန်း၊ တန်ဆောင်းများရှိပန်းချီကားများ၊ ရုပ်ကြွပန်းချီကားများနှင့် ရုပ်တုများမှတ်တမ်း

ဇရပ်/တန်ဆောင်းများရှိ ပန်းချီများ

အရှေ့ဘက်စောင်းတန်းရှိ ပန်းချီကားများ

တောင်ဘက်စောင်းတန်းရှိ ပန်းချီကားများ

မြောက်ဘက်စောင်းတန်းရှိ ရုပ်ကြွပန်းချီကားများ

ဘုရားပရဝုဏ်အတွင်းရှိ
ရုပ်တုများ
သတင်းလွှာများ
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရွှေကြာသင်္ကန်းလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ ရန်ကုန် -ဇူလိုင်( ၉ )...
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ ရန်ကုန်-ဇွန်(၁၀)...
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

















