ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကျင်းပ

เม.ย. 17, 2025 | 12 month seasonal festival, News

ရန်ကုန်
၂၀၂၅ ဧပြီ ၁၇

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို ၁၇-၄-၂၀၂၅ မြန်မာနှစ်ဆန်း
တစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပခဲ့သည်။

နံနက်(၀၇၀၀)နာရီအချိန်တွင် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင်ကျင်းပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗုဒ္ဓဝယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးက ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်မင်္ဂလာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ရောင်စုံ ရွှေဝါငါးကြင်း အကောင်ရေ(၁၀၀၀)အား မင်္ဂလာကန်တော်အတွင်းသို့ ဘေးမဲ့သက်လွှတ်ခြင်း၊ အစာကျွေးခြင်းစသည့် နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်များ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ယနေ့နံနက် (၀၅:၀၀)နာရီ အရုဏ်တက်အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာ ဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ နံနက် (၀၅း၃၀) နာရီအချိန်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

နံနက် (၀၆း၀၀) နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ် ကင်းပရိတ်တော်နှင့် ရေစက်ချအနုမာဒနာ တရားနာယူခြင်းအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦး‌သောင်းစိန်ဦးက အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့ပြီးနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နှစ်သစ်အချိန်အခါသမယတွင် ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ‌ရွှေတိဂုံ
စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချအနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် နံနက်ပိုင်းမှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူး‌မြော်လျက်ရှိပြီး စောင်းတန်းလေးသွယ်နှင့် ကားကွင်းများတွင်လည်း စတုဒီသာကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိကြသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့)...

อ่านเพิ่มเติม
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၃) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချအခမ်းအနားကျင်းပ

ရန်ကုန်- မတ် ( ၁၃) ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ...

อ่านเพิ่มเติม
ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို...

อ่านเพิ่มเติม