ทางเดินฝั่งตะวันตก

အသေးစိတ်အချက်အလက်များ

စောင်းတန်းအမည်

အနောက်ဘက်စောင်းတန်း

တည်နေရာ

အနောက်ဘက်မုခ်

Category

Four Walkways | Places to visit
အနောက်ဘက်စောင်းတန်းကို ၁၀-၇-၁၉၃၂ ရက်နေ့တွင် ပန္နက်ချပြီး ၁၉၃၅ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ အနောက်စောင်းတန်းကို ၁၉၉၀ ပြည့်နှစ်က မွမ်းမံ ပြင်ဆင်ခဲ့ပြီး ၁၂-၆-၁၉၉၀ ရက်နေ့တွင် အနောက်ဘက် စောင်းတန်း၌ ရွေ့လျားစက်လှေကားကြီး ၈ စင်းကို ဖွင့်လှစ်ခဲ့ပါသည်။ အနောက်ဘက်စောင်းတန်းကြီးကို ခေတ် အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြပြီး ၁၉၉၅-၉၆ ခုနှစ်၊ ၂၀၀၁ ခုနှစ်၊ ထာဝရဘက်စုံ ပြုပြင်မွမ်းမံ တည်ဆောက် ရေး နောက်ဆုံးလုပ်ငန်းအနေဖြင့် ၂၀၀၈ ခုနှစ်များတွင် အနောက်ဘက်စောင်းတန်းတော်ကြီးရှိ ပျက်စီးယိုယွင်း နေသော အမိုးပိုင်းနေရာများ၊ လင်းနို့တောင်နှင့် မျက်နှာကြက်နေရာများကို အသစ်ပြုပြင် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် မြန်မာမှုတိုင်လုံး တိုင်ပြားများ၊ မှန်စီကြိုးခင်း ရွှေချတိုင်လုံးများကို ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ စောင်းတန်းတော်ကြီးအား ဆေးသုတ်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထာဝရဘက်စုံ ပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အနောက်ဘက်စောင်းတန်းကို ပြန်လည် ပြုပြင်သည့်အခါတွင် စောင်းတန်းထိပ် မုခ်ဦးဝဲ/ယာတွင် ယခင်က ခြင်္သေ့ရုပ်မရှိခဲ့သည့်အတွက် ခြင်္သေ့ရုပ် ၂ ရုပ်ထည့်သွင်း တည်ဆောက်ခဲ့သည်။
စတင်တည်ဆောက်သည့်နေ့ – ၁-၈-၁၉၉၅
ပြီးစီးသည့်နေ့ – ၂၈-၁-၂၀၀၂
စောင်းတန်းအရှည် – ၆၉၄ ပေ
ပြာသာဒ်ဆောင်ပေါင်း – ၅ ဆောင်
လှေကားထစ်ပေါင်း – ၁၆၄ ထစ်
အလယ်တိုင်လုံးပေါင်း – ၁၀၆ လုံး
ဘေးတိုင်ပြားပေါင်း – ၁၃၆ လုံး
ထောင့်တိုင်ပေါင်း – ၃၂ လုံး
ဆိုင်ခန်းပေါင်း – ၇၁ ခန်း
စောင်းတန်းအကျယ် – ၄၀ ပေ
စောင်းတန်းအမြင့် – ၂၂ ပေ