พระพุทธปยาทชิน

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ပြဒါးရှင်ဘုရား

တည်နေရာ

အရှေ့ဘက်မုခ်

Category

Nine Wonders | Pagodas | Places to visit
ပြဒါးရှင်ရုပ်ပွားတော်သည် ရွှေတိဂုံစေတီတော်ရင်ပြင် အင်္ဂါအရပ် အရှေ့ဘက်မုခ်၊ ဓါတ်လှေကားလျှောက်လမ်းထိပ် လက်ဝဲဘက်အနီးတွင် ရှိသည်။ ရင်ပြင်တော်ပေါ်ရှိ ကြေးသွန်းရုပ်ပွားတော်များအနက် အချိုးအဆစ် ပြေပြစ်၍ မင်းမြောက်တန်ဆာ မကိုဋ်စလွယ်များဖြင့် သပ္ပါယ်ကြည်ညိုဖွယ်ကောင်းစွာ ဖူးတွေ့ရသည့် ရုပ်ပွားတော်တစ်ဆူဖြစ်သည်။ နဖူးတော်မှာ မို့မောက်နေပြီး ပြဒါးရှင်ကို ဌာပနာထားသောကြောင့်ဟုဆိုသည်။ ရုပ်ပွားတော်သည် မူလက ဂန္ဓကုဋီတိုက်ထဲတွင်သာ ပူဇော်ထားသော်လည်း ဘုရားဖူးများ အဆင်ပြေစေရန် ၁၉၉၉ ခုနှစ်တွင် တန်ဆောင်းငယ်တစ်ခု တည်ဆောက်ခဲ့သည်။ အံ့ဖွယ်ကိုးပါးတွင် ပြဒါးရှင်ရုပ်ပွားတော်သည် အံ့ဖွယ် အမှတ် (၉)ဖြစ်သည်။