พระพุทธรูปเสือและสิงโต

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ကျား၊ ခြင်္သေ့ဘုရား

တည်နေရာ

အရှေ့ဘက်မုခ် ဓမ္မစေတီတန်ဆောင်း

Category

Pagodas | Places to visit
ဓမ္မစေတီတန်ဆောင်းအတွင်းရှိ ကျား၊ ခြင်္သေ့ရုပ်ပွားတော်များကို မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဓမ္မစေတီမင်းကြီးမှ လှူဒါန်းခဲ့ပါသည်။ ရုပ်ပွားတော်ရွယ်တူသုံးဆူကို ပလ္လင်တစ်ခုတည်းတွင်ထားရှိပြီး ရုပ်ပွားတော်၏ အောက်ခြေတွင် ကျားနှင့် ခြင်္သေ့ရုပ်များ ထားရှိပါသည်။ ရုပ်ပွားတော်ဘေးတွင် ကျားနှင့် ခြင်္သေ့ရုပ်ရှိသဖြင့် “ခြင်္သေ့နှင့်ကျား နှစ်ပါးပေါင်းဖက်၊ မီးသုံးကြိမ်နာနာနှက်၊ တစ်ပါး နိဗ္ဗာန်တက်” ဟူသော အညွှန်းအတိုင်း အဂ္ဂိရတ်ထုံးကို သင်္ကေတပြုထားသည်ဟု အယူရှိကြပါသည်။ ဓမ္မစေတီမင်း၏ အဓိဌာန်အောင်မြေဟု ယုံကြည်ကာ အဓိဌာန်လာဝင်သူများ အောင်မြင်ကြသည်။