พระพุทธรูปโกณคมนะ

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ကောဏဂမနမြတ်စွာဘုရား

တည်နေရာ

တောင်ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီး

Category

Pagodas | Places to visit

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋိတိုက်တွင် သီတင်းသုံးတော်မူသော ကောဏဂမနမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ထိုရုပ်ပွားတော်ကို ဆင်ဖြူရှင်မင်း၏သားတော် စဥ့်ကူးမင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဘူမိဖဿမုဒြာအမျိုးအစားဖြစ်သည်။
ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်တော်မူပြီးသော ဘုရားလေးဆူတို့တွင် “ကောဏဂမနမြတ်စွာဘုရား” သည် ဒုတိယမြောက်ပွင့်တော်မူခဲ့သော ဘုရားဖြစ်သည်။ ရွှေတိဂုံဌာပနာတိုက်တော်၌ ကောဏဂမနမြတ်စွာဘုရား၏ ရေစစ်တော်ကို ဌာပနာထားသည်။