พระพุทธโคดม

အသေးစိတ်အချက်အလက်များ

ဘုရားအမည်

ဂေါတမမြတ်စွာဘုရား

တည်နေရာ

မြောက်ဘက်မုခ် အာရုံခံတန်ဆောင်း

Category

Pagodas | Places to visit

ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အာရုံခံတန်ဆောင်းတော်ကြီးအတွင်းရှိ ဂန္ဓကုဋိတိုက်တွင် သီတင်းသုံးတော်မူသော ဂေါတမမြတ်စွာဘုရားသည် ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္တုငါးမျိုးတို့ဖြင့် ပေါင်းစပ်သွန်းလုပ်ထားသော ပဉ္စလောဟာ ရုပ်ပွားတော်ဖြစ်သည်။
ထိုရုပ်ပွားတော်ကို ကုန်းဘောင်မင်းဆက်တစ်ပါးဖြစ်သော စဥ့်ကူးမင်းက ကောဇာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဘူမိဖဿမုဒြာအမျိုးအစား ဖြစ်သည်။
တဖုဿနှင့်ဘလ္လိကညီနောင်နှစ်ပါးကို ဂေါတမဘုရားရှင်က ဆံတော်ရှစ်ဆူချီးမြှင့်ပြီးနောက် အဆိုပါဆံတော်များကို ညီနောင်နှစ်ယောက်က ဥက္ကလာပမင်းကြီးအား ဆက်သရာမှ ရွှေတိဂုံစေတီတော်တည်ထားခဲ့ကြခြင်းဖြစ်သည်။
ရွှေတိဂုံဌာပနာတိုက်တော်၌ ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ဌာပနာထားသည်။