ศาลาพระพุทธโบราณ

အသေးစိတ်အချက်အလက်များ

တန်ဆောင်းအမည်

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း

တည်နေရာ

တောင်ဘက်မုခ် စောင်းတန်းထိပ်အနီး

Category

Pavilions | Places to visit
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက် ဗုဒ္ဓဟူးထောင့်အနီးရှိ တန်ဆောင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၃၂၆ (၁၉၆၄)ခုနှစ်တွင် ရန်ကုန်မြို့လွှတ်တော်ရှေ့နေကြီး Mr.B.A Masani၏ ဇနီးဒေါ်မြ ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၁၉၉၇ခုနှစ်တွင် မန္တလေးမှ လှူဒါန်းသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ အား ကိန်းဝပ်စံပယ်သောကြောင့် ရှေးဟောင်းတန်ဆောင်းဟု အမည်တွင်သည်။ ၁၃၂၀ ပြည့်နှစ်တွင် ဒေါ်စောမြ တန်ဆောင်းနှင့် ပြတိုက်ဟောင်းတန်ဆောင်းကို ပူးပေါင်းထားခဲ့ပြီး ၁၉၉၅ ခုနှစ် ဘက်စုံစီမံကိန်း တွင် တန်ဆောင်းနှစ်ခုကြား နံရံကိုဖြုတ်၍ အမိုးတစ်စပ်တည်းဖြစ်အောင် ပြုပြင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် တန်ဆောင်းအတွင်းပိုင်း ပြုပြင်မွမ်းမံခြင်း၊ ၂၀၁၁ ခုနှစ်တွင် တန်ဆောင်းမျက်နှာစာ အပေါ်နံရံများအား အလူမီနီယံ မှန်သေပြတင်းပေါက်ကာခြင်း၊ ၂၀၁၆ ခုနှစ်တွင် အမိုးပိုင်း အမာခံပြုပြင်ခြင်း၊ ၂၀၁၇ ခုနှစ်တွင် တန်ဆောင်း အဝင်အထွက် စတီးတံခါးပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါတွင် ၎င်းတန်ဆောင်းအား ၁၂လရာသီပွဲတော်များနှင့် ဝါတွင်းကာလ သီလခံယူပွဲများ ကျင်းပရာတွင် အသုံးပြု လျက်ရှိပါသည်။