ห้องโถงนมัสการฝั่งตะวันออก

အသေးစိတ်အချက်အလက်များ

မုခ်ဦးအမည်

အရှေ့ဘက်အာရုံခံမုခ်ဦးဆောင်

တည်နေရာ

အရှေ့ဘက်မုခ်

Category

Four Adoration Halls | Places to visit
မြန်မာသက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် သာယာဝတီမင်းကြီး၏ အိမ်ရှေ့မိဖုရား ကြီးက အရှေ့ဘက်အာရုံခံ တန်ဆောင်းကြီးအား မှန်စီရွှေချတိုင်လုံးကြီးများ၊ မှန်စီရွှေချ မျက်နှာကြက်၊ ခြူးပန်း၊ ခြူးနွယ်၊ ပန်းပု လက်ရာတို့ဖြင့် စတင်ဆောက်လုပ်လှူဒါန်းခဲ့သော တန်ဆောင်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးကုလားကြီး မိသားစု၊ ပုဇွန်တောင် ရပ်ကွက်မှ ထပ်မံပြုပြင်ခဲ့သဖြင့် ဦးကုလားကြီးတန်ဆောင်းဟု အမည်တွင်ပါသည်။ အမွေဆက်ခံ ပြင်ဆင်ခဲ့သူမှာ ဦးကုလား၏သား ဦးနေဒွန်း+ဒေါ်လေးခင် မိသားစုဖြစ်ပြီး ဦးနေဒွန်း တန်ဆောင်းဟုလည်း အမည်တွင်ပါသည်။ တန်ဆောင်းကြီးအတွင်း၌ ကကုသန္ဓမြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။
၁၉၃၁ မတ် ၆ တွင် တန်ဆောင်းများ မီးခပျက်စီးသွားရာတွင် အရှေ့ဘက် အာရုံခံတန်ဆောင်း ပါဝင်သွား၍ အမွေဆက်ခံသူများအား အသစ်တစ်ဖန် ဆောက်လုပ် လှူဒါန်းရန် ဂေါပက အဖွဲ့က တိုက်တွန်းသဖြင့် ၁၉၈၃ ခုနှစ်တွင် ဦးနေဒွန်း၏ သမီးဖြစ်သူ ဒေါ်ဧရင်(သင်္ကန်းကျွန်း)နှင့် မြေးဖြစ်သူ ဦးဘမြိုင်(အမှတ်-၁၉၂၊ ကရစ်လမ်း၊ ရန်ကုန်မြို့)မှ အသစ်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ဒေါ်ဧရင်၊ ဦးဘမြိုင်မိသားစုတို့သည် ၁၉၆၃ ခုနှစ်ကာလအထိ ဆက်လက်ပြုပြင် လှူဒါန်းခဲ့ပါသည်။ ၁၉၆၄ ခုနှစ် နောက်ပိုင်းတွင် ဒေါ်သွယ်(အောင်နန်းရပ်၊ မိုးကုတ်မြို့)က တန်ဆောင်းကြီးအား ဆက်လက်ပြုပြင်မွမ်းမံ လှူဒါန်းခဲ့သည်မှာ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ် ကာလ တိုင်ဖြစ်ပါသည်။ ထို့နောက် ၁၉၈၅ ခုနှစ်တွင် ဦးကျော်တင့်(ရွာဘဲရပ်၊ ပြည်မြို့) မိသားစုက ငွေ ကျပ် ၃.၅ သိန်း အကုန်ကျခံ၍ တန်ဆောင်းကြီးအား မွမ်းမံခဲ့ပါသည်။