ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

2 月 15, 2025 | 12 month seasonal festival, News

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ )
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ၁၁.၂.၂၀၂၅ ရက်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများ၊ဂေါပကအဖွဲ့၀င်များ၊ပညာရှင်များ၊အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများ၊စေတနာရှင်အလှူရှင်များ၊ဂေါပကရုံး၀န်ထမ်းများ၊ပြိုင်ပွဲ၀င်အသင်းနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ “နမောတဿ´´ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ကြပြီးရွှေတိဂုံစေတီတော်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့်ထမနဲလှူဒါန်းပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးလှမြင့်ကအဖွင့်မင်္ဂလာစကားပြောကြားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာ့ရိုးရာထမနဲဲလှူဒါန်းပွဲတော်ကျင်းပရေးဗဟိုကော်မတီဥက္ကဌ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိဦးလှမြင့်၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဌ ဂေါပကအဖွဲ့၀င် ဦးမင်းလွင်နှင့် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းတို့က ထမနဲထိုးပြိုင်ပွဲကို ရွှေကြိုးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ဂေါပကအဖွဲ့၀င်များနှင့်တာ၀န်ရှိသူများကမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်းများ ယှဥ်ပြိုင်နေမှုကိုလှည့်လည်ကြည်ရူ့အားပေးကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓ‌‌ေ၀‌ယျာ၀စ္စအသင်းများ၊အခွန်ထမ်းများ၊မိတ်ဖက်အသင်းများနှင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများအပါအ၀င်ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်းပါ၀င်ယှဥ်ပြိုင်ကြပြီး ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ်(၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓါတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်း၊ နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ချီးမြှင့်ပေးအပ်သောဂုဏ်ပြုဆုငွေ တစ်သင်းလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပြိုင်ပွဲအသင်း ၃၂သင်းတို့ကို ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင်အလှည့်ကျသဘာပတိ ဦးလှမြင့်က ဝန်ကြီးချုပ်ကိုယ်စား ပြိုင်ပွဲဝင်အသင်းများအသီးသီးကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ၁၂-၂-၂၀၂၅ (တပို့တွဲလပြည့်နေ့)တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊အလှူရှင်များအားဒါနပြုခြင်းနှင့်ခုနစ်ရက်သားသမီးများအားဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်သွားမည်ဖြစ်ပါသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

了解更多
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

了解更多
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

了解更多