ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့်ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကျင်းပ

Апр 1, 2024 | News

၂၀၂၄ ဧပြီ(၁)

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇နာရီခွဲတွင် ရွှေတိဂုံ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) အောင်မြေ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ‌ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ Pagoda Digital Directory တွင်ပါဝင်သည့် ဘုရားစေတီ(၉)ဆူတို့မှ‌ ဂေါပကအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီတော် ဂေါပကများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းတို့က အခမ်းအနားကို ရွှေကြိုးဖြတ်၍ စတင်ဖွင့်လှစ်ပေးကြသည်။

ထို့နောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က Pagoda Digital Directory အား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ရွှေတိဂုံစေတီတော် Pagoda Digital Directory ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့နှင့်ပတ်သက်၍

အဖွင့်မင်္ဂလာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား လေးစားဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဆိုင်ရာ Pagoda Digital Directory ဆောင်ရွက် ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင် ဦးလှမြင့်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station အား စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်တို့က ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်အား စမ်းသပ်ကြည့်ရှုအသုံးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ရင်ပြင်တော်ပေါ်ရှိ ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory Station ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းသည်။

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် (Shwedagon Pagoda Digital Directory) ကို နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်(၈)ရပ်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကြီးကြပ် မှုဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရင်ပြင်တော်အရပ်‌လေးမျက်နှာရှိ သတ်မှတ်နေရာ အသီးသီးတွင် Station များတည်ဆောက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာ လေ့လာကြည့်ရှု နိုင်အောင် အဲကွန်းများပါတပ်ဆင်၍ ဆောင်ရွက်ဖွင့်လှစ်ပေးထားသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့သည်ချမ်းသာကြီးတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံများ၊ ထူးခြား ထင်ရှား နေရာ ဌာနများနှင့် ကြည်ညိုဖွယ်ရာပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာ ကြည့်ရှု ကြည်ညိုပူဇော်နိုင်ရန်အတွက် “ လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရသည့် ဓါတ်ပုံပြပွဲ” တွင်ပြသထားသည့် ရွှေတိဂုံစေတီတော်သမိုင်း မှတ်တမ်း ဓာတ်ပုံများကိုလှည့်လည်ကြည့်ရူခဲ့ကြသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Related News
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က...

читать далее
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍...

читать далее
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယစရိယဆရာတော်ကြီး ၁ ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓ ဆရာတော်ကြီး ၂ ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏...

читать далее