ရွှေတိဂုံစေတီတော်သမိုင်း

မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-588)တွင် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟ (၇)ဌာနတွင် လှည့်လည် စံမြန်းတော်မူစဉ် ဥက္ကလာတိုင်းမှ တဖုဿနှင့် ဘလ္လိကအမည်ရှိ ကုန်သည် ညီနောင်တို့သည်ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက်ဘုရား ရှင်ထံမှဘုရားရှင် ကိုယ်တိုင်ပေးသနားတော်မူသော ဆံတော်မြတ်ရှစ်ဆူကို ပင့်ဆောင်လျက် ဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိခဲ့ရာ ဥက္ကလာပမင်းကြီး အမှူးပြုပြီး တိုင်းသူ ပြည်သားများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ဥက္ကလာပမင်းကြီးအမှူးပြုသော ဥက္ကလာပတိုင်းသားများသည် ရှေးယခင် ပွင့်တော်မူပြီးသောကကုသန္ဓဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမန ဘုရားရှင်၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်တို့နှင့် ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရကုန်းတော်တွင် ဌာပနာ၍ ဉာဏ် တော်အမြင့် (၆၆)ပေ၊ (၄၄တောင်)- (၂၀မီတာ)ရှိသော ရွှေတိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့သည်။ ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားလေးဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်ရာစေတီ ဖြစ်သောကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ဟု ဘွဲ့အမည်ရသည်။

ခရစ်မပေါ်မီခြောက်ရာစု (BC-၆၀ဝ) ခန့်မှခရစ်နှစ်(၁၄)ရာစုအထိ ရွှေတိဂုံ စေတီတော်ကို ဥက္ကလာပမင်း (၃၂)ဆက်တို့ကလည်းကောင်း၊ခရစ်နှစ် (၁၃၇၂) ခုနှစ်မှစတင်၍ဗညားဦးမင်း၊ ဗညားရန်မင်း၊ ဗညားကျန်းတောမင်း အစရှိသော မင်းအဆက်ဆက်တို့ကလည်းကောင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြသည်။ ခရစ်နှစ် (၁၄၅၃)ခုနှစ်၊ ဘုရင်မကြီးရှင်စောပုလက်ထက်တွင် စေတီ တော်ကြီးကို ဉာဏ်တော်အမြင့် (၃၀၂)ပေအထိ တိုးချဲ့တည်ဆောက်ခဲ့ပြီး (၁၇၇၄)ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက်တွင် လက်ရှိဉာဏ်တော်အမြင့် (၃၂၆)ပေ၊ (၉၉.၃၆)မီတာတိုင်အောင်မြှင့်တင်ပြုပြင်ခဲ့သည်။

သတင်းနှင့်ကြေညာချက်များ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်-ဖေဖော်၀ါရီ (၁၁ ) ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ၁၁.၂.၂၀၂၅ ရက်နေ့ ညနေ ၄ နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့...

了解更多
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

၂၀၂၅ ဇန်နဝါရီလ ၁၉ ရက် ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိ သာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော် သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်...

了解更多
ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

ရွှေတိဂုံစေတီတော် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပ

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့စေရန် ရည်သန်လျက် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် သာသနာတော်(၃)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့်...

了解更多
ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်၌ (၃၆)ကြိမ်မြောက်မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်မုန်းလပြည့်နေ့ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားများကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးပြုလုပ်သည့် (၃၆)ကြိမ်မြောက်မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲကို ၁၃၈၆ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်(ယနေ့)ညနေပိုင်းတွင် စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ညနေ ၄ နာရီတွင်...

了解更多
ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(ဆွမ်းသိမ်းအောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကျင်းပ

၂၀၂၄ အောက်တိုဘာ ၁၇ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် သီတင်းကျွတ် လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ...

了解更多
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနား ကျင်းပ

  ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက် ရွှေတိဂုံစေတီတော် ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အခမ်းအနားကို ၁၃၈၆ခု ဝါခေါင်လပြည့်နေ့ နံနက် ၀၅၀၀ နာရီတွင် ကျင်းပခဲ့ရာ ပထမဦးစွာ တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်း...

了解更多
ရွှေတိဂုံစေတီတော်တွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြို၂၄နာရီအသံမစဲမေတ္တာပို့သပွဲကျင်းပ

ရွှေတိဂုံစေတီတော်တွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အကြို၂၄နာရီအသံမစဲမေတ္တာပို့သပွဲကျင်းပ

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြို ၂၄နာရီအသံမစဲမေတ္တာပို့သပွဲကို ယနေ့ ၀၆၃၀နါရီအချိန်တွင် ရင်ပြင်တော်တောင်ဘက်မုခ်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ကျင်းပခဲ့ပြီး ဝါခေါင်လပြည့်နေ့ မနက်အထိ ၂၄နာရီ အသံမစဲမေတ္တာပို့သပွဲတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ နှင့်...

了解更多
ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဝါတွင်းသီလခံယူပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဝါတွင်းသီလခံယူပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)အခမ်းအနားများကို ယနေ့နံနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။ ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်ပူဇော်ပွဲကို...

了解更多
ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီး၏( ၅၈၇)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၇)ကြိမ်မြောက်ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့...

了解更多
ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိသတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။ ဦးစွာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး...

了解更多