ရွှေတိဂုံဘုရားပရဝုဏ်အတွင်း ဧည့်လမ်းညွန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်

Feb 1, 2024 | Announcement

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှတရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လုပ်ပိုင်ခွင့်ရှိသည်။

ဧည့်လမ်းညွန့်လုပ်ငန်း ဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင် ချိတ်ဆွဲ ထားရမည်။

ရွှေတိဂုံဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာစစ်ဆေးခံရမည်။

လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများ အလိုက် ဘုရားပေါ်သို့ လာရောက်လေ့လာလိုပါက ရှင်းလင်းပြသမည့် သူသည် သက်ဆိုင်ရာအဖွဲ့အစည်း မှတာဝန်ပေးအပ်သူဖြစ်ကြောင်းအထောက်အထားအား စစ်ဆေးရေးအဖွဲ့သို့ပြသနိုင်ရမည်။

အထက်ဖော်ပြပါ အချက်အလက်များ လိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ်သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဉပဒေနှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးညွန်ကြားရေးမှူးရုံး